1. Home
  2. Movie Stars - Celebrity

Bra မဝတ်လို့ ဝေဖန်တဲ့ ဆိုရှယ်မီဒီယာကလူတွေကြောင့် စိတ်ထိခိုက်ခဲ့ရတဲ့ Sulli

Movie Stars - Celebrity มิ.ย. 20, 2562 view 1,555

တောင်ကိုးရီးယားနိုင်ငံ အဆိုတော်၊ သရုပ်ဆောင် တစ်ဦးဖြစ်တဲ့ Sulli ဟာ လတ်တလော Reply Night လို့ အမည်ရတဲ့ တီဗွီအစီအစဉ်မှာ ပါဝင်နေတာပဲဖြစ်ပါတယ်။ Sulli ဟာ F(x) အဖွဲ့မှထွက်ပြီးနောက်ပိုင်း သူမကိုယ်ပိုင်လွတ်လပ်ခွင့်၊ ကိုယ်ပိုင်ဘဝ ပုံစံအတိုင်း နေထိုင်သွားတော့မည်ဖြစ်ကြောင်း ပရိတ်သတ်ကို အသိပေးခဲ့ပါတယ်။ လွတ်လပ်စွာနေထိုင်တတ်တဲ့ Sulli ဟာ သူငယ်ချင်းများနဲ့ အပြင်ထွက်လည်ရင် bra မပါပဲ သွားလေ့ရှိတာတွေကို အင်စတာဂရမ်အကောင့်မှတစ်ဆင့် ပရိတ်သတ်တွေမြင်တွေ့သွားပြီး သူမကို နောက်ခါ ဒီလိုမလုပ်ဖို့ သတိပေးခဲ့ကြပါတယ်။ Reply Night အစီအစဉ်မှာ Sulli ကို လူမှုကွန်ယက် အင်တာနက်မှ တစ်ဆင့် ဘယ်လို တိုက်ခိုက်ခဲ့တယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

Sulli ပါဝင်တဲ့ Reply Night အစီအစဉ်ဟာ talk show အစီအစဉ်တစ်ခုဖြစ်ပြီး ဇွန်လ ၂၁ ရက်နေ့မှာ စတင်ထုတ်လွှင့်သွားမယ်လို့ သိရပါတယ်။ ဒီအစီအစဉ်မှာ Shin Dong Yup, Kim Sook နဲ့ kim Jong min တို့ပါဝင်ပါတယ်။

Reply Night အစီအစဉ်မှာ ပါဝင်တဲ့ host များဟာ တစ်ဦးချင်း comment များဖတ်ပြီး ပရိတ်သတ်မေးတဲ့ မေးခွန်းတွေကိုဖြေကြားပေးခဲ့ပါတယ်။ Sulli တစ်ယောက် comment ဖတ်တဲ့ အချိန်မှာတော့ ပရိတ်သတ်တစ်ဦးက “ကျွန်မကတော့ အပြင်သွားတိုင်း bra ဝတ်တယ် အဲ့ဒါက ကျွန်မကို သက်တောင့်သက်သာဖြစ်စေတယ်” ဆိုပြီး comment ထဲ ဝင်ရေးခဲ့ပါတယ်။

Sulli ဟာ သူမ bra မဝတ်ရခြင်းအကြောင်းအရင်းဟာ သက်တောင့်သက်သာဖြစ်စေဖို့နဲ့ လွတ်လပ်မှုကိုခံစားချင်တာကြောင့် ဖြစ်တယ်လို့ ပြောခဲ့ဖူးပါတယ်။ Sulli ဟာ ပရိတ်သတ်က သူမကို ဒီလိုပြောလိုက်တဲ့အခါ ရုတ်တရက် မျက်နှာပျက်သွားပေမယ့် ချက်ချင်းဆိုသလို အပြုံးပန်းတစ်ခုကို ဆင်မြန်းလိုက်တာကို တွေ့ရမှာပါ။ ပရိတ်သတ်ပြောတဲ့ hate comment ကို Sulli တစ်ယောက် ဘယ်လိုတုန့်ပြန်တယ်ဆိုတာ သိရှိဖို့ ဗွီဒီယိုမှာ ဆက်လက်ကြည့်ရှုလိုက်ကြရအောင်။

Source-koreaboo

(ပိုပိုလေး)

 



Follow us on