ဇာတ်လမ်းတွဲကြိုက်နှစ်သက်သူ မြန်မာပရိတ်သတ်တွေ ဂူဂျွန်ပျိုလို့သိကြတဲ့ မင်းသား လီမင်ဟိုဟာဆိုရင် မကြာသေးခင်ကမှ စစ်မှုထမ်းကာလပြီးဆုံးပြီး ခရီးတွေထွက်ကာ အနားယူနေတာပဲဖြစ်ပါတယ်။ ပရိတ်သတ်ကြီးချစ်တဲ့ လီမင်ဟိုဟာ အလုပ်နဲ့ personal ကိုသတ်သတ်စီ ခွဲခြားတတ်သူတစ်ဦးပါပဲ။ variety show တွေလဲ သွားလေ့မရှိသလို အင်တာဗျူးဖြေတာမျိုးတွေလဲ ရှားပါးလှပါတယ်။ ဇာတ်ကားရိုက်တာကလွဲလို့ ကျန်တဲ့ကိစ္စတွေ အရှုပ်အရှင်းကင်းရှင်းစွာနေတတ်တဲ့ လီမင်ဟိုဟာ လတ်တလော သူ့ အင်စတာဂရမ်အကောင့်ကနေ live video ထုတ်လွှင့်ခဲ့ပါတယ်။ လီမင်ဟို တစ်ယောက်ဘယ်အချိန် ဘယ်နေရာမှာ live လွှင့်ခဲ့တယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<
သရုပ်ဆောင် လီမင်ဟိုကတော့ သူ့ပထမဦးဆုံး live ထုတ်လွှင့်မှုမှာတင် စံချိန်တင်သွားပါပြီ။
“ကျွန်တော် အခု ပဲရစ်မှာပါ ဒီမှာတော့ မနက် ၁၁ နာရီရှိပါပြီ။ ဒါက ကျွန်တော့်ရဲ့ ပထမဦးဆုံး အင်စတာဂရမ်မှာ live လွှင့်တာပဲဖြစ်ပါတယ်။ ” ဆိုပြီး အစချီကာ ပြောလာပါတယ်။
လီမင်ဟိုဟာ အင်စတာဂရမ်အကောင့်ဖွင့်တာ အချိန်တစ်ခု ကြာပြီဆိုပေမယ့် တစ်ခါမှ live လွှင့်ဖူးတာမျိုးမရှိဖူးတာကြောင့် ပရိတ်သတ်အများအံ့အားသင့်ခဲ့ကြပါတယ်။ လီမင်ဟို live လွှင့်တယ်ဆိုတာ မယုံနိုင်တဲ့ ပရိတ်သတ်တွေဟာ ဝင်ကြည့်ရင်းက သူ့ရဲ့ live video မှာ ၅ မိနစ်အတွင်း ကြည့်ရှုသူ ၆သောင်း ၃ထောင် ကျော်သွားခဲ့ပါတယ်။
လီမင်ဟို live လွှင့်နေရင်းက “ကျွန်တော်ဒီလို Live လွှင့်တော့ အကုန်လုံးကို noti တက်တယ်ဆိုတာ ဟုတ်လား၊ Live လွှင့်တယ်ဆိုတာ ခဏရပ်ထားလို့ရောရလား” ဆိုပြီးပြောသွားတာဟာ တစ်ခါမှ live မလွှင့်ဖူးကြောင်း သိသာထင်ရှားလှပါတယ်။ မသိတာကို မသိဘူးလို့ ကလေးတစ်ယောက်လို ပြောသွားတဲ့ လီမင်ဟိုဟာ ချစ်ဖို့ကောင်းနေတော့တာပါပဲ။
တစ်ဖန် လီမင်ဟိုဟာ သူပဲရစ်ကို ဓာတ်ပုံရိုက်ကူးဖို့ အတွက်ရောက်ရှိနေတာဖြစ်ကြောင်း ပရိတ်သတ်ကို အသိပေးသွားခဲ့ပြီး live video မှတစ်ဆင့် နှုတ်ဆက်သွားခဲ့ပါတယ်။
Source-koreaboo
(ပိုပိုလေး)