1. Home
  2. Movie Stars - Celebrity

ကိုးရီးယားသွားပြီး မျက်နှာခွဲစိတ်ပြုပြင်တာမဟုတ်ကြောင်း ပြန်လည်ဖြေရှင်းလိုက်တဲ့ နေမင်း

Movie Stars - Celebrity มิ.ย. 21, 2562 view 1,863

သရုပ်ဆောင်နေမင်းဟာ ပြီးခဲ့တဲ့ ရက်အနည်းငယ်က သူ၏လူမှုကွန်ယက် ဖေ့ဘွတ်ခ်အကောင့်မှတစ်ဆင့် ခွဲစိတ်မှုပြုလုပ်အပြီး ဓာတ်ပုံများကို တင်ခဲ့ပါတယ်။ နေမင်းခွဲစိတ်မှု ပြုလုပ်ရာ ဆေးရုံမှာ Gangnam medical beauty center ဖြစ်ပြီး လူအများက ကိုးရီးယားသွားပြီး မျက်နှာခွဲစိတ်ပြုပြင်ခဲ့တယ်လို့ ထင်မှတ်ခဲ့ကြတာဖြစ်ပါတယ်။ အမှန်တကယ်တော့ Gangnam medical beauty center ဟာ ကိုးရီးယားမှာတည်ရှိတာမဟုတ်ပဲ ရန်ကုန်မှာ တည်ရှိတဲ့ beauty center တစ်ခုဖြစ်ကြောင်းကို နေမင်းကအသိပေးလာပါတယ်။ နေမင်းတစ်ယောက် မျက်နှာခွဲစိတ်ပြုပြင်တာမဟုတ်ကြောင်း ဘယ်လိုဖြေရှင်းထားလဲဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

နေမင်း ခွဲစိတ်မှုပြုလုပ်သော beauty center မှာ ကိုးရီးယားမှာ တည်ရှိတာမဟုတ်ဘဲ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ သံလွင်လမ်း ၊ ကမာရွတ်မြို့နယ်တွင် တည်ရှိတာဖြစ်ကြောင်း လူမှုကွန်ယက်မှ တစ်ဆင့်အသိပေးလာပါတယ်။

အဆိုပါ Gangnam medical beauty center မှာ ကိုးရီးယားမှ ဆရာကြီးများ ကိုယ်တိုင် လာရောက်ခွဲစိတ်ပေးပြီး ဝန်ဆောင်မှုကောင်းတဲ့ ကျန်းမာရေး စင်တာတစ်ခုဖြစ်ကြောင်း ကိုလဲ အသိပေးခဲ့ကြပါတယ်။

နေမင်းရဲ့ ဓာတ်ပုံအရ မျက်နှာရှိ မေးရိုးတစ်ဝှိုက်တွင် ပတ်တီးများစည်းထားခဲ့တာကြောင့် ပရိတ်သတ်များက မေးရိုးခွဲစိတ်ပြုပြင်တယ်လို့ ထင်မှတ်ခဲ့ကြတာပါ။ အမှန်တကယ်တော့ နေမင်းဟာ မျက်နှာခွဲစိတ်ခဲ့တာမဟုတ်ပဲ စကားပြောရင် ဒီထက်အသံပိုထွက်အောင် လည်ချောင်းခွဲစိတ်ခဲ့တာပဲဖြစ်ပါတယ်။ ဒီအကြောင်းကိုလဲ status တင်ပြီး ပရိတ်သတ်ကို အသိပေးခဲ့ပါတယ်။

အခုဆိုရင် နေမင်းတစ်ယောက် မျက်နှာခွဲစိတ်တာမဟုတ်ဘဲ ကျန်းမာရေးအတွက် လည်ပင်းခွဲစိတ်တယ်ဆိုတာ ပရိတ်သတ်ကြီး နားလည်သဘောပေါက်လောက်ပြီထင်ပါတယ်။

(ပိုပိုလေး)
 



Follow us on