1. Home
  2. Movie Stars - Celebrity

နာမည်ကြီး မော်ဒယ်တစ်ဦးမှ ယောင်္ကျားသားနှစ်ယောက်အား အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွား

Movie Stars - Celebrity มิ.ย. 24, 2562 view 1,931

တောင်ကိုးရီးယားနိုင်ငံ ဆိုးလ် မြို့တွင် Ryu Sebi အမည်ရတဲ့ အသက် ၃၀ အရွယ် အမျိုးသမီးဟာ ကလပ်ရှေ့မှာ မူးယစ်နေတဲ့ အမျိုးသားနှစ်ဦးကို တိုက်ခိုက်ဖို့ ကြိုးစားခဲ့ပါတယ်။ သူမဟာ အမျိုးသမီးတစ်ယောက်ဖြစ်ပေမဲ့ fitness model အားကစားလိုက်စားသူတစ်ဦးဖြစ်ပြီး သန်မာသူတစ်ဦးဖြစ်ပါတယ်။ ယောင်္ကျားသား နှစ်ယောက်ကို ခြုံခိုတိုက်ခိုက်ဖို့ သူမ ဘယ်လိုချဉ်းကပ်ခဲ့တယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

Ryu ဂန်းနမ် ရဲစခန်း ထုတ်ပြန်ချက်အရ Ryu Sebi ဟာ ကလပ်ရှေ့ ဆေးလိပ်သောက်နေတဲ့ အမျိုးသားတစ်ဦးကို သူမကိုလဲ ဆေးလိပ်တစ်လိပ်ပေးဖို့ တောင်းဆိုခဲ့ကြောင်း သိရပါတယ်။ ဆေးလိပ်တောင်းနေရာက ရုတ်တရက် အဆိုပါအမျိုးသားရဲ့ လည်ပင်းကို ကိုက်ပြီး ညို့သကျည်းကို အပြင်းအထန်ကန်ကြောက်ခဲ့ပါတယ်။ ဒီလို ရုန်းရင်းဆန်ခတ်ဖြစ်မှုကို တားဆီးဖို့ နောက်ထပ်အမျိုးသား တစ်ဦးက သူမကို ဝင်ဆွဲတဲ့အခါ ပါးကို ခပ်ပြင်းပြင်း ရိုက်လိုက်ကြောင်းသိရပါတယ်။ လက်ရှိမှာတော့ သူမကြောင့် ယောင်္ကျားသား နှစ်ဦး ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ပြီး ဘာကြောင့် ဒီလိုဖြစ်ရတယ်ဆိုတဲ့ အကြောင်းအရင်းကို ရဲများက ဆက်လက်စုံစမ်းသွားမည်ဖြစ်ကြောင်း ပြောကြားလာပါတယ်။

Ryu Se Bi ဟာ နာမည်ကျော် fitness model တစ်ဦးဖြစ်ပြီး သရုပ်ဆောင်အလုပ်ကို လုပ်ကိုင်သူလဲဖြစ်ပါတယ်။ သူမဟာ Musclemania Korea 2017 နဲ့ Musclemania Las Vegas 2018 ကို ဝင်ရောက်ယှဉ်ပြိုင်ဖူးတဲ့ အလှမယ်တစ်ဦးလဲဖြစ်ပါတယ်။

(ပိုပိုလေး)



Follow us on