1. Home
  2. Movie Stars - Celebrity

ဂုဏ်ပကာသနတွေမပါပဲ ပေါ့ပေါ့ပါးပါးဖက်ရှင်မျိုးနဲ့ Paris Fashion Week ကို တက်ရောက်လာတဲ့ Lisa

Movie Stars - Celebrity มิ.ย. 24, 2562 view 1,797

တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော် ကေပေါ့ပ်အဆိုတော်အဖွဲ့ Blackpink ဟာဆိုရင် လတ်တလော ရေပန်းစားလူကြိုက်များနေတဲ့ အဖွဲ့တစ်ဖွဲ့ပဲဖြစ်ပါတယ်။ Blackpink ဟာ အမေရိကန် နိုင်ငံတစ်ဝှမ်းနဲ့ ဥရောပတစ်ခွင်မှာ ဖျော်ဖြေရေးပွဲတွေ ပြုလုပ်ခဲ့ပြီး ပိုမိုလူကြိုက်များအောင်မြင်လာပါတယ်။ Blackpink မှ ထိုင်းမလေး Lisa ဟာဆိုရင်လဲ အရှေ့တောင်အာရှကနေ ကမ္ဘာကျော်သည့်တိုင် ချစ်ခင်တဲ့ ပရိတ်သတ်တွေ များပြားလာသူတစ်ဦးပဲဖြစ်ပါတယ်။ Lisa ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့မှာ ပြုလုပ်တဲ့ Paris Fashion Week ကို အဖွဲ့ဝင်တွေမပါပဲ တစ်ဦးတည်းတက်ရောက်ခဲ့ပါတယ်။ ဂုဏ်ပကာသနာတွေမပါပဲ ရိုးရှင်းတဲ့ ဝတ်စုံလေးနဲ့ ပွဲတက်လာတဲ့ Lisa ရဲ့ ဖက်ရှင်ပုံရိပ်လေးတွေကဘယ်လို ဖြစ်မယ်ဆိုတာ သိရှိဖို့ ဆက်လက်ကြည့်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

Lisa လေးဟာ နိုင်ငံတကာက နာမည်ကြီး ဆယ်လီတွေ အများအပြားလာတဲ့ Paris Fashion Week မှာ ရိုးရှင်းတဲ့ စပေါ့ပျောက် ဂါဝန်လေးကို ဝတ်ဆင်လာတာတွေ့ရမှာပါ။ ဘွတ်ရှ်ရှူး အဖြူရောင်လေးကိုစီးထားပြီး chanel အိတ် အနက်ရောင်လေးကို လွယ်ထားတာဟာဆိုရင် ဖက်ရှင်ရှိုးတက်ရောက်တာနဲ့ မတူပဲ Shopping ထွက်လာတဲ့ ကလေးလေးတစ်ယောက်နဲ့တောင် တူနေပါသေးတယ်။

အသက် ၂၂ နှစ်အရွယ် Lisa ဟာ ဂုဏ်ပကာသန မပါတဲ့ ဖက်ရှင်မျိုးကို ရွေးချယ်ဝတ်ဆင်ထားပေမဲ့ ယုံကြည်ချက်ကလဲ အပြည့်ဖြစ်သလို ဓာတ်ပုံလာရောက်ရိုက်ကူးတဲ့ ပါပါရာဇီတွေကိုတောင် Eye contact အပြည့်ပေးနေပါသေးတယ်။

ပဲရစ်မြို့ရဲ့ လမ်းမထက်မှာ သာမန် ရိုးရှင်းတဲ့ ဝတ်စုံလေးဝတ်ပြီး လျှောက်လှမ်းလာပေမဲ့ သူမကတော့ တောက်ပလို့ နေပါတယ်။

Lisa ကိုမြင်တာနဲ့ ပရိတ်သတ်များက သတိထားမိနေကြတာပါပဲ။

ဘယ်လိုနေနေ ချစ်ဖို့ကောင်းတဲ့ Lalisa လေးပါပဲနော်။

source-koreaboo

(ပိုပိုလေး)



Follow us on