1. Home
  2. Movie Stars - Celebrity

Blackpink နဲ့အတူ Newark မှာဖျော်ဖြေဖြစ်သွားတဲ့အကြောင်း ပြောပြလာတဲ့ Dua Lipa

Movie Stars - Celebrity มิ.ย. 25, 2562 view 1,732

အင်္ဂလန် အမျိုးသမီး အဆိုရှင် Dua Lipa ဟာဆိုရင် Husky voice နဲ့ အသံပါဝါအားကောင်းတဲ့ အမျိုးသမီးအဆိုရှင်တစ်ဦးပါ။ ဒီလို ကမ္ဘာကျော်တစ်ဦးဟာ ပြီးခဲ့တဲ့နှစ်က ကေပေါ့ပ်အဆိုတော်အဖွဲ့ Blackpink နဲ့အတူ သီချင်းတစ်ပုဒ် တွဲဖက်သီဆိုခဲ့ပါတယ်။ သီချင်းနာမည်ကတော့ Kiss&Makeup ဖြစ်ပါတယ်။Blackpink ဟာ ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့က New Jersey ရဲ့ Newark မှာ ဖျော်ဖြေပွဲတစ်ခုပြုလုပ်ခဲ့ပါတယ်။ Dua Lipa ဟာလဲ Newark မှာရောက်ရှိနေခဲ့ပြီး Blackpink concert မှာ အတူတွဲဖက်ဖျော်ဖြေဖို့ ဘယ်လိုဖြစ်လာတယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

“အမှန်အတိုင်းပြောရရင် ကျွန်မသူငယ်ချင်းတစ်ယောက်ကပြောလို့ Blackpink Newark မှာ လာရောက်ဖျော်ဖြေတယ်ဆိုတာ သိလိုက်ရတာပါ။ ကျွန်မလဲ အဲ့မှာပဲဆိုတော့ Kiss and Make Up ကိုအတူဖျော်ဖြေဖို့ စိတ်ကူးရခဲ့တယ်။ ဒါကြောင့် ကျွန်မကအရင် မက်ဆေ့ခ်ျပို့လိုက်ပြီး အခုလိုဖျော်ဖြေဖြစ်သွားတာပါ” လို့ Dua Lipa မှပြောကြားလာပါတယ်။

တစ်ဖန် Dua Lipa က “ဒီပွဲမှာ ဖျော်ဖြေရတာ soundcheck ကလဲ အဆင်ပြေပါတယ်။ ကျွန်မတို့ဟာ ဒီသီချင်းကို အတူတူ သီဆိုထားကြပေမဲ့ ဒီသီချင်းတစ်ပုဒ်ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ သီးခြားဖျော်ဖြေခဲ့ကြတာပါ။ အခုလို အတူ စင်ပေါ်မှာ ဖျော်ဖြေဖို့ အခွင့်အရေးက ရခဲပါတယ်။ ဒါကြောင့် အတူဖျော်ဖြေဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ကိုယ့်ရဲ့ queens လေးတွေရေ မင်းတို့ကို အရမ်းချစ်ပါတယ်။ မင်းတို့ဟာ အမှန်တကယ်လဲလှပပြီး အရည်အချင်းရှိတဲ့ကလေးတွေပါ။ ကမ္ဘာကြီးက မင်းတို့ကမ္ဘာတစ်ဝှမ်းမှာ ဒီထက်ပိုပြီးအောင်မြင်နေမှာကို မစောင့်နိုင်တော့ပါဘူး။ ကိုယ့်အချစ်တွေ အများကြီးနဲ့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်” ဆိုပြီး အဆုံးသတ်ပြောကြားသွားပါတယ်။

Dua Lipa နဲ့ Blackpink တို့ Kiss and Make Up သီချင်းကို အတူတကွ ဘယ်လိုဖျော်ဖြေသွားတယ်ဆိုတာ သိရှိဖို့ အောက်ပါဗွီဒီယိုမှာဆက်လက်ကြည့်ရှုလိုက်ရအောင်။

(ပိုပိုလေး)



Follow us on