တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော် မင်းသမီးတစ်လက်ဖြစ်တဲ့ Lee Sung Kyung ဟာဆိုရင် သရုပ်ဆောင်ကောင်းရုံသာမက အသံပါဝါအားကောင်းသူတစ်ဦးလဲဖြစ်ပါတယ်။ Lee Sung Kyung ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ဖေဖော်ဝါရီ ၇ ရက်နေ့မှာ ကားမောင်းရင်း သီချင်းသီဆိုတဲ့ ဗွီဒီယိုတစ်ခုကို အင်စတာဂရမ်မှာတင်ခဲ့ပါတယ်။ သူမဆိုခဲ့တဲ့ သီချင်းကတော့ နာမည်ကျော် ဒစ်စနေ ကာတွန်း Aladdin ဇာတ်ကားရဲ့ ဇာတ်ဝင်သီချင်း A Whole new world ပဲဖြစ်ပါတယ်။ Lee Sung Kyung တစ်ယောက် A whole new world ကိုဘယ်လိုသီဆိုထားတယ်ဆိုတာ သိရှိဖို့ဆက်လက်ဖတ်ရှုလိုက်ရအောင်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<
လက်ရှိမှာ Aladdin ကာတွန်းကားကို လူဗားရှင်းနဲ့ ပြန်လည်ရိုက်ကူး ပြသပြီးတဲ့ အချိန်ဖြစ်ပါတယ်။ Aladdin ဇာတ်ကားဆိုတာနဲ့ A whole new world သီချင်းကို ပရိတ်သတ်ကြီး တန်းမြင်မိမှာပါ။ လူနဲ့ ပြန်လည်ရိုက်ကူးတဲ့ Aladdin ရုပ်ရှင်ဇာတ်ကားကြီးမှာ Zayn နဲ့ Zhavia Ward တို့က သီဆိုထားပါတယ်။
A whole new world ကို ပိုပြီး လူတွေနားထောင်လာတာနဲ့ အမျှ cover song တွေလဲ သီဆိုလာက ကိုးရီးယားဇာတ်လမ်းတွဲကြိုက်နှစ်သက်သူ ပရိတ်သတ်များကလဲ မင်းသမီး Lee Sung Kyung သီဆိုထားတဲ့ a whole new world ကိုဝေမျှလာပါတယ်။
Lee Sung Kyung သီဆိုထားတဲ့ A whole new world ဗွီဒီယိုကို Aladdin 1992 မှ A whole new world ကို သီဆိုထားတဲ့မူရင်းအဆိုရှင် Lea Salonga က သူမအင်စတာဂရမ်အကောင့်ကနေ ပြန်လည်ဝေမျှခဲ့ပါတယ်။
“ဒါက အရမ်းချစ်ဖို့ကောင်းပါတယ် သူမက ဒစ်စနေမင်းသမီးလေးတစ်ယောက်နဲ့မတူဘူးလား” လို့ရေးသားပြီး အင်စတာဂရမ်မှာ Lee Sung Kyung ကို tag ချိတ်ပြီး တင်ခဲ့ပါတယ်။ မူရင်းအဆိုတော်ကိုယ်တိုင် ချီးကျူးရလောက်တဲ့ထိ ကောင်းတဲ့ Lee Sung Kyung ရဲ့ အသံကိုပိုပိုလေးနဲ့အတူ ခံစားနားဆင်လိုက်ကြရအောင်။
source-koreaboo
(ပိုပိုလေး)