1. Home
  2. Football

ဘာစီလိုနာကို ၅ နှစ်စာချုပ်နဲ့ ပြန်လာတော့မည့် နေမာ နှင့် အခြားဘောလုံး သတင်းတိုများ

Football มิ.ย. 25, 2562 view 1,827

ဘရာဇီးလ်တိုက်စစ်မှူး နေမာဟာ ဘာစီလိုနာအသင်းကို ၅ နှစ်စာချုပ်နဲ့ ပြန်လာဖို့ သဘောတူညီမှုရခဲ့ပြီ ရခဲ့ပြီးလို့ သိရပါတယ်။ပီအက်စ်ဂျီ အသင်းမှာ မပျော်ရွင်တဲ့ နေမာဟာ နောက်ဆုံးမှာ ဘာစီလိုနာအသင်းကို ပြန်လာဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ အင်္ဂလန် ယူ-၂၁ ညာနောက်ခံကစားသမား ဝမ်ဘစ်ဆာကာ ကိုခေါ်ယူရန် နီးစပ်တဲ့အနေအထားအထိရှိနေပြီး ယခုတစ်ပါတ်အတွင်းမှာ ဆေးစစ်မှုခံယူသွားမယ်လို့ သိရပါတယ်။

ခရစ်စ္စတယ်ပဲလေ့စ်အသင်းဟာ မန်ယူအသင်းဘက်မှ ဝမ်ဘစ်ဆာကာအတွက် ကမ်းလှမ်းမှုနှစ်ကြိမ်ကို ပယ်ချထားပြီး ဒုတိယအကြိမ်ကမ်းလှမ်းမှုမှာ ကနဦးပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်းနှင့် ချန်ပီယံ လိဂ်ဖလားရရှိပါက ပေါင် ၁၅ သန်း ထပ်မံ ပေးချေမယ်ဆိုတဲ့ အချက်လည်းပါဝင်ခဲ့ပါတယ်။ မန်ယူအသင်းအနေဖြင့် ဝမ်ဘစ်ဆာကာအတွက် ပေါင် ၅၅ သန်းနှင့် သဘောတူညီမှုရရန် နီးစပ်နေတယ်လို့ သိရှိရပါတယ်။

ချဲလ်ဆီးအသင်းနည်းပြရာထူးကို ကစားသမားဟောင်း လမ်ပတ်ကို ခန့်အပ်ကြောင်းကို လာမည့်ရက်ပိုင်းအတွင်းမှာ ကြေညာတော့မှာဖြစ်ပါတယ်။ လမ်းပတ်ဟာ ချဲလ်ဆီးအသင်းနှင့် ၂ နှစ်ချုပ် ချုပ်ဆိုသွားမှာဖြစ်ပြီး တစ်နှစ်ကို ပေါင် ၆ သန်းရရှိမှာဖြစ်ပါတယ်။ ချဲလ်ဆီးကစားသမား ဘဝက လစာပေါင် ၂၄၀၀၀၀ ဖြင့်ကစားခဲ့တာဖြစ်ပြီး နည်းပြဘဝမှာ ပေါင် ၁၂၀၀၀၀ ရရှိမှာဖြစ်ပါတယ်။

စပါးအသင်းညာနောက်ခံကစားသမား ထရစ်ပီယာကို ပေါင်၂၅ သန်းဖြင့် ခေါ်ယူနိုင်ဖို့အတွက် စီးရီးအေ ထိပ်သီးကလပ် နာပိုလီ နှင့် ဂျူဗင်တပ်စ်တို့က အပြိုင်ကြိုးစားနေတယ်လို့ သိရပါတယ်။



Follow us on