1. Home
  2. Movie Stars - Celebrity

ပရိတ်သတ်တွေကို ထိတ်လန့်တုန်လှုပ်စေမယ့် ပတ်ဆောဂျွန်ရဲ့ သဘာဝလွန်ရုပ်ရှင်ဇာတ်ကား

Movie Stars - Celebrity มิ.ย. 25, 2562 view 1,716

တောင်ကိုးရီးယား နာမည်ကျော်မင်းသားတစ်လက်ဖြစ်တဲ့ ပတ်ဆောဂျွန်ဟာမကြာသေးခင်ကာလကမှ စစ်မှုထမ်းခြင်း ပြီးဆုံးခဲ့တာဖြစ်ပြီး ဇာတ်လမ်းအသစ်တွေ ဆက်လက်ရိုက်ကူးနေတာပဲဖြစ်ပါတယ်။ What’s wrong with secetary Kim ဇာတ်ကားထဲမှ အပြောကြီးတဲ့ ဒုဥက္ကဋ္ဌအဖြစ် မြန်မာပရိတ်သတ်တွေ အကြိုက်တွေ့ခဲ့တဲ့ ပတ်ဆောဂျွန်ဟာ ဒီတစ်ခေါက်မှာတော့ ပရိတ်သတ်မြင်တွေ့နေကျ ဇာတ်ကားမျိုးမဟုတ်ပဲ သဘာဝလွန်ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ပတ်ဆောဂျွန်ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားက ဘယ်လိုဖြစ်မယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

ပတ်ဆောဂျွန်ဟာ “Divine Fury” လို့အမည်ရတဲ့ ရုပ်ရှင်ဇာတ်ကားမှာ လက်ဝှေ့ချန်ပီယံ Yong Ho အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။ ထွေလာဗွီဒီယိုအရ လက်ဝှေ့ချန်ပီယံဟာ “ငါအပေါင်းလက္ခဏာကိုမြင်တိုင်း စိတ်တိုမိတယ် ငါ့အဖေ သေမလိုဖြစ်တုန်းက ဘုရားသခင်က ဘာမှလုပ်ပေးခဲ့တာမဟုတ်ဘူးလေ” ဆိုပြီး စတင်ပြောကြားထားပါတယ်။

ဘုရားသခင်ကို အယုံအကြည်မရှိပေမယ့် မိစ္ဆာတွေနဲ့တိုက်ခိုက်ဖို့အကြောင်းဖန်လာတဲ့အခါ မိစ္ဆာဝိဥာဉ်တွေကို မောင်းထုတ်ပေးတဲ့ ဖာသာ တစ်ဦးနဲ့တွေ့ဆုံခဲ့ပါတယ်။ မိစ္ဆာနှိမ်နင်းတဲ့ ဖာသာအဖြစ် မင်းသားကြီး Ahn Sung Ki ကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

ဒီဇာတ်လမ်းထဲမှာ နောက်ထပ်ထူးဆန်းတဲ့ ဇာတ်ကောင်ကတော့ သူတစ်ပါးရဲ့ အားနည်းချက်ကို အလိုလိုသိမြင်နိုင်စွမ်းရှိသူ Ji Shin ပဲဖြစ်ပါတယ်။ Ji Shin အဖြစ် လူငယ်တက်သစ်စ မင်းသား Woo Do Hwan က ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

ဒီဇာတ်ကားကို တောင်ကိုးရီးယားနိုင်ငံမှာ ၇ လပိုင်း ၃၁ ရက်နေ့တွင် ပြသဖို့ရည်ရွယ်ထားပြီး ဇာတ်လမ်းရဲ့ ပိုစတာက စာသားကြောင့် ပရိတ်သတ်အများ စိတ်ဝင်တစားမျှော်လင့်စောင့်စားနေကြပါပြီ။ ပိုစတာမှာရေးသားထားတဲ့ စာသားကတော့ “မိစ္ဆာနဲ့တစ်ဖက်တည်းဖြစ်အောင် ပူးပေါင်းမလား၊ မိစ္ဆာကိုအနိုင်တိုက်ပြီး ရအောင်ဖမ်းမလား” ဆိုတာပဲဖြစ်ပါတယ်။

ပတ်ဆောဂျွန်တစ်ယောက် မိစ္ဆာကိုအနိုင်တိုက်နိုင်မလား၊ မိစ္ဆာနဲ့ပဲ ပူးပေါင်းလိုက်မလားဆိုတာ စိတ်ဝင်စားစရာပါပဲ။

(ပိုပိုလေး)

 



Follow us on