1. Home
  2. Movie Stars - Celebrity

ကိုယ်ဝန်ရသွားတဲ့ ချစ်သူမိန်းကလေးကြောင့် ၁၀ နှစ်ကျော် သရုပ်ဆောင်အလုပ်ကို ရပ်နားထားတဲ့ သရုပ်ဆောင် Kim Seung Hyun

Movie Stars - Celebrity มิ.ย. 26, 2562 view 1,685

တောင်ကိုးရီးယားနိုင်ငံရှိ ရုပ်သံ ဇာတ်လမ်းတွဲမင်းသား တစ်လက်ဖြစ်တဲ့ သရုပ်ဆောင် Kim Seung Hyun ဟာ သရုပ်ဆောင်အလုပ်မှ ရပ်နားနေခဲ့တာ ၁၅ နှစ်တိတိရှိပြီပဲဖြစ်ပါတယ်။ Kim ဟာ တက္ကသိုလ်တက်ရင်း ချစ်သူရည်းစားထားမိရာက သူ၏ ချစ်သူ ကိုယ်ဝန်ရရှိသွားခဲ့ပါတယ်။ ချစ်သူကိုယ်ဝန်ရှိတာကို သိသိချင်း Kim ဟာ ကလေးကို တာဝန်ယူခဲ့ပြီးနောက် သူ၏ အနုပညာအလုပ်ကို ရှေ့ဆက်ဖို့ ခက်ခဲလာခဲ့ပါတယ်။ Kim Seung Hyun တစ်ယောက် ဘယ်လိုအခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့တယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

“ကျွန်တော့် အနုပညာအလုပ်ကလဲ အရေးကြီးတယ် ဒါပေမဲ့ ကလေးကို တာဝန်ယူဖို့ကလဲ အရေးကြီးတယ်လို့ထင်ပါတယ်။ အနုပညာကိုလဲ ကျွန်တော် တတ်နိုင်သလောက် ကျွန်တော်လက်လှမ်းမှီသလောက်ကို အကောင်းဆုံးဖြစ်အောင်လုပ်တယ်။

ဒီလိုမှ မလုပ်ခဲ့ရင် ကျွန်တော့် Soo Bin လေးကို လူလားမြောက်အောင်စောင့်ရှောက်နိုင်မှာတောင်မဟုတ်ဘူး” ဆိုပြီး ပြောပြလာပါတယ်။ Soo Bin ကတော့ သူ့ရဲ့ သမီးလေးပါ။

“သမီးလေးမွေးလာလို့ အနုပညာအလုပ်တွေကို ရပ်နားလိုက်ရပေမဲ့ ကျွန်တော်နောင်တမရပါဘူး။ သူအခုလို ကောင်းကောင်းမွန်မွန် ကြီးပြင်းလာတာကိုက ကျွန်တော့်အတွက် ဝမ်းသာစရာပါ” ဆိုပြီးပြောကြားလာပါတယ်။  

Kim Seung Hyun ဟာ လွန်ခဲ့တဲ့ ၂ နှစ်ခန့်က SBS ကပြုလုပ်တဲ့ Mr House Husband အမည်ရတဲ့ တီဗွီအစီအစဉ်မှာ ပါဝင်ခဲ့ပြီး အနုပညာလောကကို ပြန်လာဖို့ အခွင့်အရေးများရရှိလာပါတယ်။ သမီးဖြစ်သူကလဲ တီဗွီရှိုးမှာ ပါဝင်ဖို့ သဘောတူခဲ့တာကြောင့် သားအဖနှစ်ယောက်ကို ပရိတ်သတ်တွေ သတိထားမိလာပြီပဲဖြစ်ပါတယ်။

Kim Seung Hyun ရဲ့ သမီးလေးကတော့ လက်ရှိမှာ ဆယ်ကျော်သက်အရွယ် ကျောင်းသူတစ်ယောက်ဖြစ်နေပါပြီ။ ချောမောလှပတဲ့ သမီးလေးကို ပိုင်ဆိုင်ထားပြီး တီဗွီအစီအစဉ်မှတစ်ဆင့် လူသိများလာကာ ကြော်ငြာဗွီဒီယိုများကိုလဲ ရိုက်ကူးလာရပါတယ်။

Kim Seung Hyun ဟာ ဒီအကြောင်းအရာများကို SBS ကကျင်းပပြုလုပ်တဲ့ ဆုပေးပွဲမှာ ဆုယူရင်း ပြောကြားသွားခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ Kim Seung Hyun ဟာဆိုရင် ဖခင်ကောင်းတစ်ယောက်လဲဖြစ်သလို ပရိတ်သတ်ချစ်ခင်တဲ့ အနုပညာရှင်တစ်ယောက်အနေနဲ့ ရပ်တည်နေနိုင်ပြီပဲဖြစ်ပါတယ်။

Source-koreaboo

(ပိုပိုလေး)

 

 

 

 



Follow us on