1. Home
  2. Movie Stars - Celebrity

အခြောက်လောက်အဖြစ်မရှိသူတွေကသာ ရှက်စရာလို့ပြောလိုက်တဲ့ ညီညီမောင်(စမ်းချောင်း)

Movie Stars - Celebrity มิ.ย. 26, 2562 view 2,043

နာမည်ကျော် မိတ်ကပ်ပညာရှင် ညီညီမောင်(စမ်းချောင်း) ဟာဆိုရင် ချစ်စဖွယ် Tik Tok ဗွီဒီယိုလေးတွေ စကားပြောပုံလေးတွေကြောင့် လူမှုကွန်ယက်မှာ ပရိတ်သတ်အားပေးချစ်ခင်မှု အပြည့်အဝရရှိထားတာပဲဖြစ်ပါတယ်။ ပရိတ်သတ်များက သုသုလို့ တင်စားခေါ်ဝေါ်ကြတဲ့ ညီညီမောင်(စမ်းချောင်း) ကလဲ လူမှုကွန်ယက်မှတစ်ဆင့် ချစ်ခင်အားပေးသူတွေကို ဟာသဗွီဒီယိုလေးတွေနဲ့ ပျော်ရွှင်စေသူတစ်ဦးပါ။ လတ်တလော ဖြစ်ပျက်သွားတဲ့ MIU College မှ လိင်တူချစ်သူ gay အမျိုးသားတစ်ဦးဟာ လုပ်ငန်းခွင်မှာ ခွဲခြားဆက်ဆံခံရတာကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့တာပဲဖြစ်ပါတယ်။ ဒီကိစ္စနဲ့ စပ်လျဉ်းပြီး ညီညီမောင်(စမ်းချောင်း) ကဘယ်လိုတုံ့ပြန်သွားတယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

MIU college စာကြည့်တိုက်မှူး ကျော်ဇင်ဝင်းဟာ လုပ်ငန်းခွင်မှာ gay ဖြစ်တာကြောင့် ခွဲခြားဆက်ဆံခံခဲ့ရပြီး မိမိကိုယ်မိမိ အဆုံးစီရင်သွားတာကြောင့် lgbt အသိုင်းအဝိုင်းအတွက် စိတ်မကောင်းစရာ ကိစ္စရပ်တစ်ခုပါပဲ။ ဇွန်လပိုင်းဟာဆိုရင် မိုးရာသီအချိန်အခါဖြစ်ပြီး lgbt (လိင်တူချစ်သူများ) ရဲ့ pride month ပဲဖြစ်ပါတယ်။

အခုလို pride month အချိန်ကာလမှာ lgbt တစ်ဦး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတာဟာ ဝမ်းနည်းကြေကွဲစရာ ကိစ္စတစ်ရပ်ပါ။ ပရိတ်သတ်ကြီးချစ်တဲ့ မိတ်ကပ် ညီညီမောင်(စမ်းချောင်း) ကလဲ ဒီကိစ္စနဲ့ စပ်လျဉ်းပြီး မခံချင်စိတ်လေး ဝင်သွားတယ်ဆိုတာ သူတင်တဲ့ status အရ သိသာထင်ရှားလှပါတယ်။

သေဆုံးသွားတဲ့ MIU စာကြည့်တိုက်မှူး မောင်ကျော်ဇင်ဝင်းဟာ လုပ်ငန်းခွင်မှာ အခြောက်တစ်ယောက်ဖြစ်တာကြောင့် ခွဲခြားဆက်ဆံခံခဲ့ရပြီး viber group chat မှာ ဝိုင်းဖွဲ့အတင်းပြောခြင်းကို ခံခဲ့ရတာပဲဖြစ်ပါတယ်။

အခုလို အခြောက်ဆိုပြီး လူတွေ ဝိုင်းအနိုင်ကျင့်တာကို သုသုအနေနဲ့ “အခြောက်ဖြစ်တာ ရှက်စရာမဟုတ်ပါဘူး အခြောက်လောက်အဖြစ်မရှိတာကသာ ရှက်စရာပါကွယ်” ဆိုပြီး လိင်တူချစ်သူတွေကို နှိမ်ချလိုသူများကို ပြောကြားလိုက်ပါတယ်။

(ပိုပိုလေး)

 



Follow us on