1. Home
  2. Movie Stars - Celebrity

၁၉၉၆ မှာမွေးတဲ့သူတွေက ရုပ်ချောတယ်ဆိုတာ သက်သေပြနေတဲ့ idols အဆိုတော်(၆) ဦး

Movie Stars - Celebrity มิ.ย. 26, 2562 view 1,885

ရုပ်ရည်ချောမောသူ များပြားလှတဲ့ မိန်းကလေး kpop idols အဆိုတော်တွေထဲမှာမှ တစ်မူထူးခြားပြီး အထာကျလှပတဲ့ Kpop idols တွေရှိလို့နေပါတယ်။ သူမတို့ကတော့ ၁၉၉၆ ခုနှစ်ဖွား တွေဖြစ်ပြီး ဒီနှစ်ထဲမှာ အသက် ၂၃ နှစ်ပြည့်ကြမှာဖြစ်ပါတယ်။ ကိုးရီးယားလိုဆိုရင်တော့ အသက် ၂၄ နှစ်ပါ။ သူမတို့က ဘယ်သူတွေဖြစ်မလဲဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

Jennie Kim

Blackpink အဖွဲ့ဝင် Jennie Kim ဟာဆိုရင် ချစ်စဖွယ် ဟန်ပန်အမူအရာမျိုးပိုင်ဆိုင်ထားသလို ဆွဲဆောင်မှုရှိပြီး အထာကျလှပမှုတွေကလဲ မိန်းကလေးချင်းတောင် ကြွေကျရတဲ့ အထိပါပဲ။

Joy

Red Velvet အဖွဲ့ဝင် Joy ကတော့ သူမရဲ့ s line ဘော်ဒီအချိုးအစားနဲ့ ပုရိသတွေရဲ့ နှလုံးအိမ်ကို ကိုင်လှုပ်နိုင်သူ မိန်းမချောလေးပါပဲ။

Jeongyeon

Twice အဖွဲ့ဝင် Jeongyeon ဟာ fancy သီချင်းမထွက်ခင်အထိ ဆံပင်ပုံစံအတိုနဲ့ နေထိုင်ခဲ့တဲ့သူတစ်ဦးပါ။ မိန်းကလေးသိပ်မဆန်တဲ့ စတိုင်တွေကြောင့် သူမရဲ့ ပုံစံက တစ်မူထူးခြားလို့နေပါတယ်။

Sejeong

တစ်ချိန်က IOI အဖွဲ့ဝင်ဟောင်း ၊ ယခု gugudan အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ Sejeong ဟာဆိုရင် ရုပ်ရည်အားဖြင့် ချောမောလှပပြီး အဖိုးကြီးတွေသာပြောလေ့ရှိတဲ့ ဟာသတွေသာ ပြောလေ့ရှိတာကြောင့် သူမလဲ တစ်မူထူးခြားပြီး လှပတဲ့သူတစ်ဦးပါပဲ။

Chungha

IOI အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်ပြီး လက်ရှိ တစ်ကိုယ်တော်အဆိုတော်အဖြစ် ရပ်တည်နေတဲ့ Chungha ဟာဆိုရင်လဲ အဆိုနဲ့အကမှာ Talent ရှိရုံသာမက ရုပ်ရည်ချောမောလှပသူလေးပါပဲ။

Sana

Twice အဖွဲ့မှ ဂျပန်မလေး Sana ကတော့ အကနဲ့ visual မှာ ပြီးပြည့်စုံတဲ့အပြင် သီချင်းတိုင်းကို concept နဲ့ လိုက်ဖက်အောင် တင်ဆက်နိုင်သူလေးမို့ ချစ်ခင်တဲ့ ပရိတ်သတ် အများအပြားရှိနေသူလေးပါ။

source-koreaboo

(ပိုပိုလေး)

 



Follow us on