တောင်ကိုးရီးယားနိုင်ငံ တော့ပ်စတား စုံတွဲ Song Song couple ဟာ နှစ်ဦးသဘောတူ လမ်းခွဲဖို့ ဆုံးဖြတ်အပြီးမှာတော့ ပရိတ်သတ်တွေကြားမှာ ‘ဘာပြဿနာရှိလို့လဲ’ ဆိုတာက မေးခွန်းထုတ်စရာတွေဖြစ်လာခဲ့ပါတယ်။ ဒီကိစ္စနဲ့ စပ်လျဉ်းပြီး လူမှုကွန်ယက် အွန်လိုင်းမှာ မင်းသားနဲ့ မင်းသမီးကို မဆိုင်တဲ့ ပုဂ္ဂိုလ်ရေးတွေ ပုတ်ခတ်လာတာကြောင့် သူတို့စုံတွဲနဲ့ ရင်းနှီးသူ အသိအကျွမ်းမိတ်ဆွေတစ်ဦးက အဖြစ်မှန်ကို မခံချင်စိတ်နဲ့ ထုတ်ဖော်ပြောကြားလာပါတယ်။ ဆောင်းစုံတွဲရဲ့ အသိမိတ်ဆွေ ဘယ်လို ထုတ်ဖော်ပြောကြားလာတယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<
ဆောင်းဂျွန်ကီနဲ့ ဆောင်းဟယ်ကျို ကွာရှင်းပြတ်စဲဖို့ သက်ဆိုင်ရာ အေဂျင်စီများမှ တစ်ဆင့် အသိပေးပြီးနောက် လူမှုကွန်ယက်မှာ “အစကတည်းက ကွဲမယ်ဆိုမယူပါနဲ့လား” “တကယ်မချစ်ပဲနဲ့ ဘာလို့လက်ထပ်သေးလဲ” “ဒါတွေ အကုန်လုံးက ဟန်ဆောင်ခဲ့တာလား” အစရှိသဖြင့် ဝေဖန်ပြောဆိုသူတွေရှိလာပါတယ်။
ဒီကိစ္စနဲ့ စပ်လျဉ်းပြီး Song စုံတွဲနဲ့ ရင်းနှီးသူ အသိမိတ်ဆွေတစ်ဦးက အွန်လိုင်းဆိုရှယ်မီဒီယာမှတစ်ဆင့် အောက်ပါအတိုင်း အသိပေးပြောကြားလာပါတယ်။
“အွန်လိုင်းပေါ်မှာ အကြောင်းအရင်းကို မသိပဲ သွားပုပ်လေလွှင့်ပြောနေကြတာတွေ ယုံတောင်မယုံနိုင်ပါဘူး။ ဆောင်းဂျွန်ကီနဲ့ ဆောင်းဟယ်ကျိုဟာ Descendants of The Sun မှာ အတူ သရုပ်ဆောင်ရင်း တစ်ဦးအပေါ်တစ်ဦး မေတ္တာမျှခဲ့ကြတာ အမှန်ပါပဲ။ လက်ထပ်ပြီးနောက်ပိုင်း နှစ်ယောက်လုံးရဲ့ အလုပ်မအားတာရယ်၊ တစ်ယောက်ကို တစ်ယောက် အချိန်မပေးနိုင်တာရယ်၊ သူတို့ နှစ်ဦးရဲ့ သဘောထားမတိုက်ဆိုင်တာတွေရယ်ကြောင့် လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်” ဆိုပြီး ထုတ်ဖော်ပြောကြားသွားပါတယ်။
Song Song Couple ရဲ့ အသိအကျွမ်းမိတ်ဆွေ ပြောကြားချက်အရ သူတို့နှစ်ဦးဟာ အမှန်တကယ် ချစ်ခဲ့ကြတာဖြစ်ပြီး သဘောထားချင်း မတိုက်ဆိုက်တော့တာကြောင့် လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။ ချစ်ရက်နဲ့ လမ်းခွဲကြတာဟာ စိတ်မကောင်းစရာ အဖြစ်အပျက်တစ်ခုပါပဲ။
source- allkpop
(ပိုပိုလေး)