တောင်ကိုးရီးယားနိုင်ငံ တော့ပ်စတားစုံတွဲဖြစ်တဲ့ Song Song Couple ဟာဆိုရင် ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့က နှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲတော့မည်ဖြစ်ကြောင်းအတိအလင်းကြေညာလိုက်ပြီဖြစ်ပါတယ်။ Song စုံတွဲကို ချစ်တဲ့ ပရိတ်သတ်တွေကတော့ ဒီကိစ္စနဲ့ စပ်လျဉ်းပြီး ကြေကွဲဝမ်းနည်းနေကြပါတယ်။ ဆောင်းဂျွန်ကီဟာ လတ်တလော tvN မှာ ထုတ်လွှင့်ပြသနေတဲ့ Arthdal Chronicles ဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး ဇာတ်လမ်းတွဲရိုက်ကူးရေးမှ ဝန်ထမ်းတစ်ဦးက ဆောင်းဂျွန်ကီရဲ့ စိတ်အခြေအနေနဲ့ ပတ်သတ်လို့ အသိပေးပြောကြားလာပါတယ်။ Arthdal Chronicles ရိုက်ကူးရေးမှ ဝန်ထမ်းပြောပြတဲ့ ဆောင်းဂျွန်ကီရဲ့ အခက်အခဲက ဘယ်လို ဖြစ်မယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<
Arthdal Chronicles မှ ဝန်ထမ်းတစ်ဦးက ရိုက်ကူးရေးမှာ ဆောင်းဂျွန်ကီကို မြင်တွေ့ရတဲ့ ပုံစံနဲ့ပတ်သတ်လို့ အောက်ပါအတိုင်းပြောကြားလာပါတယ်။
“ဆောင်ဂျွန်ကီဟာ လတ်တလော ကိုယ်ရေးကိုယ်တာ ကိစ္စတွေနဲ့ ပတ်သတ်လို့ စိတ်ဖိစီးနေခဲ့တာပါ။ သူ့မှာလဲ သူ့အခက်အခဲနဲ့သူရှိမှာပါပဲ။ သူဘယ်လောက် စိတ်ဖိစီးလဲဆိုရင် ဆံပင်တွေတောင် မကြာခဏကျွတ်တဲ့အထိပါပဲ။” ဆိုပြီး ပြောကြားသွားပါတယ်။
တစ်ဖန် ယမန်နေ့တုန်းကလဲ ဆောင်းဟယ်ကျိုရဲ့ ဖက်ရှင်လောကမှာ အသိမိတ်တွေ တစ်ဦးပြောပြချက်အရ ဆောင်းဟယ်ကျိုဟာ လတ်တလော ကိုယ်အလေးချိန် အဆမတန် လျော့ကျသွားတာပြီး လက်မှာ အရိုးပေါ်အရေတင်ပဲ ရှိတော့တာကြောင့် လက်စွပ်က မတော်တော့လို့ မဝတ်ဖြစ်ခဲ့တာဖြစ်ကြောင်း ထုတ်ဖော်ပြောကြားသွားပါတယ်။
Song Song Couple နှစ်ဦးစလုံးဟာ တစ်ဦးပေါ်တစ်ဦး အချစ်စစ်အချစ်မှန်နဲ့ ချစ်ခဲ့ကြတာမှန်ပေမယ့် တွေးခေါ်မှုပုံစံချင်းမတူတာကြောင့် သဘောထားမတိုက်ဆိုင် နှစ်ဦးသဘောတူ လမ်းခွဲဖို့ ဆုံးဖြတ်လိုက်ကြပုံပါပဲ။
Source-koreaboo
(ပိုပိုလေး)