1. Home
  2. Special or Others

တက္ကသိုလ်ကျောင်း (၁၆) ကျောင်းပါဝင်မည့် Mobile Esports ပြိုင်ပွဲကြီး ဇူလိုင်လတွင် ကျင်းပသွားမည်

Special or Others มิ.ย. 28, 2562 view 2,284
ရန်ကုန်တိုင်းဒေသကြီးတွင် တက္ကသိုလ်ကျောင်း (၁၆) ကျောင်းပါဝင်မည့် Mobile Esports ပြိုင်ပွဲ Universities Mobile Esports Championship Yangon 2019 (UMEC Yangon 2019) ပြိုင်ပွဲကြီးကို လာမည့် ဇူလိုင်လ ၁ ရက်နေ့ တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။
 
ပြိုင်ပွဲကြီးတွင် Mobile Legends နှင့် PUBG Mobile ဂိမ်းနှစ်မျိုးစလုံး ပါဝင်မှာဖြစ်ပါတယ်။ ပါဝင်ယှဉ်ပြိုင်မယ့် အဖွဲ ့များက ဂိမ်း အမျိုးအစား တစ်မျိုးကိုသာ ရွေးချယ် ယှဉ်ပြိုင်နိုင်မှာဖြစ်ပြီး အသင်းရှိဖို့လည်း လိုအပ်ပါတယ်။ ဂိမ်းနှစ်မျိုးစလုံးအတွက် စာရင်းပေးသွင်းရန် ကစားသမား ၄ ဦး (သို့) ၅ ဦး လိုအပ်ပါတယ်လို့ သိရပါတယ်။

Qualifier Stages ယှဉ်ပြိုင်ရမယ့် နေ့ရက်တွေကတော့ ဇူလိုင် ၁ ရက်နေ့ နဲ့ ၂ ရက်နေ့တို့ မှာ ဝင်ရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး သက်ဆိုင်ရာ ကျောင်းများတွင် ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။ နောက်ဆုံးဗိုလ်လုပွဲကို သြဂုတ်လ  ၉ ရက်နေ့တွင် ရန်ကုန်မြို့ရှိ Yangon Convention Center တွင် ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ စာရင်းပေးသွင်းမှုကိုတော့ ယခုအချိန်မှစတင်ကာ ဇွန်လ ၃၀ ရက်နေ့ နေ့လယ် ၁၂ နာရီအထိ နောက်ဆုံးထား ပေးသွင်းနိုင်မှာဖြစ်ပါတယ်။
 
ဘွဲ့ကြိုကျောင်းသားများ (1st year to final year) အားလုံး ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး EYU အဝေးသင် ကျောင်းသားများလည်း ပါဝင်ယှဉ်ပြိုင်နိုင်တယ်လို့ သိရပါတယ်။ အဝေးသင်ကျောင်းသားများအနေနဲ့ စာရင်းပေးသွင်းမှုကိုတော့ သမဂ္ဂရုံးခန်းမှာသာ လက်ခံမှာဖြစ်ပြီး Online မှတစ်ဆင့် လက်ခံမှာ မဟုတ်ပါဘူး  လို့ သိရပါတယ်။ ဝင်ရောက် ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းဖို့အတွက် ကျောင်းသားကတ်များ / အဝေးသင် ငွေသွင်း ချလန်များ လိုအပ်ပါတယ် လို့ သိရပါတယ်။

စာရင်းပေးသွင်းရန် Link : https://forms.gle/xwc6dNt92GEkRhSJ7
 



Follow us on