Sam Steingard အမည်ရတဲ့ အထက်တန်းကျောင်းသားတစ်ဦးဟာ ကျောင်းကပွဲမှာ တွဲပြီးကဖို့ ချစ်သူရည်းစားမရှိတာကြောင့် နေအိမ်ရှိကြောင်မလေးကို ကပွဲမှာ တွဲဖက်အနေနဲ့ ခေါ်ဆောင်လာခဲ့ပါတယ်။ Sam ဟာ ကျောင်းကပွဲမှာ တွဲဖက်ကမယ့် ချစ်သူမရှိတာကြောင့် သူ့အိမ်က ကြောင်မလေး Ruby ကို ကျောင်းကပွဲကို တွဲဖက်အဖြစ်ခေါ်သွားဖို့ အမေဖြစ်သူ Joanne ကို ခွင့်တောင်းခဲ့ပါတယ်။ အမေဖြစ်သူကလဲ သူ့သားအတွက် Ruby ကို ချစ်စဖွယ်ဝါဝန်လေး ဆင်မြန်းပေးလိုက်ပါတယ်။ Sam တို့မိသားစုဟာ ကြောင်မလေး Ruby ကိုမိသားစုဝင်သဖွယ် ချစ်ခင်မြတ်နိုးကြတာပါ။ သူတို့ မိသားစု ကြောင်မလေး Ruby ကိုဘယ်လို ရှာဖွေတွေ့ရှိခဲ့တယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<
စုံတွဲမရှိလို့ ကပွဲကို ကြောင်ကိုခေါ်သွားတာပါ။ ကြောင်မလေး Ruby ကSam ကိုကြည့်တဲ့ အကြည့်ကလဲအသက်ပါပဲနော်။
Sam ဟာ Ruby အမည်ရတဲ့ ကြောင်မလေးကို Ruby Tuesday လို့ အမည်ရတဲ့ စားသောက်ဆိုင်အနောက်မှာ ကောက်ရခဲ့တာကြောင့် Ruby လို့ အမည်ပေးထားတာဖြစ်တယ်လို့ ပြောကြားလာပါတယ်။ Ruby ဟာ လူတွေနဲ့ ရင်းနှီးကျွမ်းဝင်လွယ်ပြီး Sam ရဲ့ ညီမ Caroline ကျောင်းသွားတဲ့အခါတိုင်း လမ်းလျှောက်လိုက်လာလေ့ရှိပါတယ်။
Sam ရဲ့ သူငယ်ချင်းအများစု အိမ်ကိုလာလည်တိုင်းမှာလဲ Ruby နဲ့အတူ ဆော့ကစားတတ်ကြောင်း sam ရဲ့ ညီမ Caroline ပြောပြချက်အရ သိရှိရပါတယ်။
Sam ဟာ ကြောင်မလေး Ruby အတွက် ချစ်စဖွယ်အိမ်လေးတစ်လုံးကို သူ့တီရှပ်အဟောင်းကို အသုံးပြုပြီးဆောက်ပေးထားပါတယ်။ ကြောင်မလေးဟာလဲ Sam ကိုချစ်ပြီး လိမ္မာတဲ့ကြောင်လေးပါ။ ဘယ်သူနဲ့မဆိုယဉ်ပါးတယ်ဆိုတာ Sam တစ်ယောက် ကြောင်ကိုတောင် ကပွဲကိုခေါ်သွားနိုင်တဲ့အထိပါပဲ။ မိတ်ဆွေတို့လဲ စုံတွဲလိုက်တက်ရမယ့်ပွဲတွေမှာ ရည်းစားမရှိသေးဘူးဆိုရင် အိမ်ကကြောင်ကိုခေါ်သွားလို့ရပါတယ်နော်။ ^^
Source-rubytheprettykitty
(ပိုပိုလေး)