1. Home
  2. Special or Others

အပျော်စီးရဟတ် လည်နေစဉ်ကျိုးကျခဲ့ပြီး လူသေဆုံးမှုဖြစ်ပွား (ရုပ်သံ)

Special or Others ก.ค. 01, 2562 view 2,187
ကစားကွင်းတစ်ခုတွင် ၃၆၀ ဒီဂရီလှည့်လည်သည့် အပျော်စီး ရဟတ်တစ်စင်း လူများလိုက်ပါ စီနင်းနေချိန်တွင် ထက်ပိုင်းကျိုးကျခဲ့တာကြောင့် လူစီးတွဲများ မြေပြင်ပေါ် ပြုတ်ကျခဲ့ပြီး အသက် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြပါတယ်။
 
အူဘက်ကစ်စတန်နိုင်ငံ ဂျစ်ဇက်ခ်မြို့ရှိ ကစားကွင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ဖြစ်စဉ်အစအဆုံးကို အပျော်တမ်းမှတ်တမ်းတင် ကင်မရာမှ ရိုက်ကူးမိခဲ့သည်။ ရုပ်သံအရ လူစီးတွဲများတစ်ဖက် မောင်းတံ တစ်ဖက်နဲ့ မိုးပေါ်ထောင်ကာ ၃၆၀ ဒီဂရီလှည့်သည့် ချားရဟတ်က ခါးလည်မှ ထက်ပိုင်းကျိုးကျခဲ့ခြင်းဖြစ်သည်။ ကံကောင်းတာကတော့ လူစီးတွဲအမြင့်ဆုံး နေရာသို့ မရောက်မီ ကျိုးကျခဲ့တာကြောင့် လူအသေအပျောက် မများခဲ့ခြင်းဖြစ်သည်။
 
 
ဖြစ်စဉ်ကြောင့် မိန်းကလေးတစ်ဦး သေဆုံးခဲ့ကြောင်း ရဲအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပြီး ဒဏ်ရာရသူအရေအတွက်ကို ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပါ။
 
ပြီးခဲ့တဲ့လအစောပိုင်းကလည်း မက္ကဆီကိုနိုင်ငံတွင် အလားတူချားရဟတ်ပေါ်မှ မိန်းကလေးတစ်ဦး ပြုတ်ကျခဲ့ပြီး ရဟတ်နဲ့ ရိုက်မိကာ လွင့်စင်သွားခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါသေးတယ်။
 
>> ပတ်ချာလည်ရဟတ်ပေါ်ကနေ ပြုတ်ကျပြီး လွင့်ထွက်သွားတဲ့ မိန်းကလေး (ရုပ်သံ)


Follow us on