1. Home
  2. Movie Stars - Celebrity

ဒီဗီဒီအဖြစ် ကြည့်ရတော့မယ့် အိမ့်ချစ်ရဲ့ ‘အချစ်ရေး’

Movie Stars - Celebrity ก.ย. 02, 2558 view 2,111

အဆိုတော် အိမ့်ချစ်က ၎င်း၏ ‘အချစ်ရေး’စီးရီးဒီဗီဒီကို စက်တင်ဘာ ၅ ရက်တွင် ဖြန့်ချိ ပေးမည်ဖြစ်ပြီး ဒီဗီဒီထွက်ရှိသည့် အထိမ်းအမှတ်အဖြစ် ပရိုမိုးရှင်း ဖျော်ဖြေပွဲ ပြုလုပ်မည်ဖြစ် ကြောင်း ပြောသည်။‘‘စက်တင်ဘာ ၅ ရက် ညနေ ၃ နာရီမှာ လှည်းတန်းစင်တာမှာ ပရိုမိုးရှင်းပွဲလုပ်မှာပါ။ အခွေထဲ မှာပါတဲ့သူတွေရော နောက်ထပ် အနုပညာရှင်တွေလည်း ဖျော်ဖြေ ပေးမှာပါ’’ဟု အိမ့်ချစ်က ပြော သည်။ယင်းဒီဗီဒီတွင် အိမ့်ချစ်က သီချင်းအများစု၌ ကိုယ်တိုင်ပါဝင် သရုပ်ဆောင်ထားပြီး အမ်တီဗီ ပုံစံရိုက်ကူးထားသည့် သီချင်းများ ပါဝင်သကဲ့သို့ ဇာတ်လမ်းပုံစံရိုက် ကူးထားသည့် သီချင်းများလည်း ပါဝင်သည်ဟု ၎င်းက ပြောသည်။အိမ့်ချစ်၏ ဒီဗီဒီကို ဒါရိုက် တာသုံးပေါင်၊ အောင်မြတ်၊ ရဲမင်းသူ၊ ကျော်စိုး၊ သီဟ၊ ယုန်လေး၊ ဇွဲနိုင်ဝင်း၊ မေဘရဏီနှင့် ART Entertainment တို့က ရိုက်ကူး ပေးထားကြောင်း ပြောသည်။ 
 

#7daydaily



Follow us on