1. Home
  2. Movie Stars - Celebrity

မိမိကိုယ်ကိုယ် အဆုံးမစီရင်ခင် အဖေဖြစ်သူကို ဖုန်းဆက်ခဲ့တဲ့ Jeon Mi Sun

Movie Stars - Celebrity ก.ค. 02, 2562 view 1,640

တောင်ကိုးရီးယားနိုင်ငံ ဇာတ်ရံမင်းသမီးတွေထဲက နာမည်ကြီးမင်းသမီး တစ်ဦးဖြစ်တဲ့ မင်းသမီးကြီး Jeon Mi Seon ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၉ မှာ ဟိုတယ်အခန်းထဲ မိမိကိုယ်မိမိ အဆုံးစီရင်ခဲ့ကြောင်း ရဲဋ္ဌာနမှ အတည်ပြုထုတ်ပြန်ကြေညာလာပါတယ်။CCTV အတည်ပြုချက်အရ Jeon Mi Sun တည်းခိုရာ ဟိုတယ်အခန်းထဲ သူမတစ်ဦးကလွဲလို့ မည်သူတစ်ဦးတစ်ယောက်ကမှ ဝင်ရောက်လာခြင်းမရှိတာကြောင့် မိမိကိုယ်မိမိ အဆုံးစီရင်မှုအဖြစ် အတည်ပြုသတ်မှတ်လိုက်တာပဲဖြစ်ပါတယ်။ Jeon Mi Sun တစ်ယောက် မိမိကိုယ်မိမိ အဆုံးမစီရင်ခင်မှာ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

ရဲဋ္ဌာနမှာ Jeon Mi Sun ရဲ့ ကိုယ်ရေးကိုယ်တာကို ဆက်လက်စုံစမ်းစစ်ဆေးကြည့်တဲ့အခါမှာတော့ မိသားစုဝင်တစ်ဦး သေဆုံးသွားခဲ့ပြီး သူအနေနဲ့ စိတ်ဖိစီးမှုဒဏ်ကို ခံစားနေရကြောင်း သိရှိရပါတယ်။ Jeon Mi Sun မှာ လက်ရှိ နေမကောင်းနေတဲ့ မိခင်ရှိပြီး သူဟာ သူမရဲ့ ဖခင်ကို မနက် ၁ နာရီ ၄၀ မိနစ်မှာ ဖုန်းဆက်ခဲ့ကြောင်း သူမလက်ကိုင်ဖုန်းကို စစ်ဆေးချက်အရ သိရှိရပါတယ်။ အဖေဖြစ်သူကို ဖုန်းခေါ်ပြီး ၂ နာရီအကြာမှ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

တစ်ဖန် Jeon Mi Sun ရဲ့ အေဂျင်စီမှ သူဟာ လတ်တလော စိတ်ဖိစီးမှု ဝေဒနာကြောင့် ဆေးကုသမှုခံယူနေတာဖြစ်ကြောင်းသိရပါတယ်။ မင်းသမီးကြီး Jeon Mi Sun ပါဝင်တဲ့ ဇာတ်ကားတိုင်းလိုလို အောင်မြင်ကျော်ကြားပြီး ဇာတ်ကားတိုင်းမှာ အမေ၊ အဒေါ် အစရှိတဲ့ ဇာတ်ပို့ နေရာတွေကနေ အကောင်းဆုံးပါဝင်သရုပ်ဆောင်လေ့ရှိသူတစ်ဦးပါ။ ဒီလို ကြယ်တစ်ပွင့် ဆုံးရှုံးလိုက်ရတာဟာ ဝမ်းနည်းကြေကွဲစရာပါပဲ။

Source-allkpop

(ပိုပိုလေး)

 

 


 


 



Follow us on