1. Home
  2. Myanmar News

သမီးငယ်လေး Victoria အမှုကို သမ္မတကြီးဦးဝင်းမြင့်ကိုယ်တိုင် ကိုင်တွယ်ဆောင်ရွက်ပြီ

Myanmar News ก.ค. 02, 2562 view 1,578
လတ်တလော အွန်လိုင်းဆိုရှယ်မီဒီယာတစ်ခွင်နဲ့ ပြည်သူလူထုကြားမှာ စိတ်မကောင်းကြီးစွာဖြစ်နေရတဲ့သတင်းတစ်ပုဒ်ကတော့ နေပြည်တော်က သမီးငယ်လေး Victoria ရဲ့သက်ငယ်မုဒိန်းမှုပဲဖြစ်ပါတယ်။ နေပြည်တော် ဒက္ခိဏသီရိခရိုင်၊ ဇဗ္ဗူသီရိမြို့နယ် သပြေကုန်းရှိ Wisdom Hill ကိုယ်ပိုင်ကျောင်းတွင်တက်ရောက်နေတဲ့ အသက် (၃) နှစ်ခန့်အရွယ် Victoria အမည်ရှိ သမီးငယ်လေးအဓ္ဓမပြုကျင့်ခံရမှုကြောင့် ပြီးခဲ့တဲ့မေလ (၁၇) ရက်နေ့က မိဘများကသက်ဆိုင်ရာရဲစခန်း၌ အမှုဖွင့်တိုင်ကြားခဲ့တာဖြစ်ပါတယ်။
 
>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

ထိုအမှုနဲ့ပတ်သက်ပြီး သမီးငယ်လေးတက်ရောက်နေတဲ့ Wisdom Hill ကျောင်းမှတာဝန်ရှိသူများကတော့ ထိုဖြစ်စဉ်မှာ ၄င်းတို့ကျောင်းတွင်ဖြစ်ပျက်ခဲ့တာမဟုတ်ဟုငြင်းဆိုကာ မီဒီယာများထံရှင်းလင်းပြောဆိုခဲ့ပါတယ်။ ဇမ္မူသီရိမြို့မရဲစခန်းတွင် ပုဒ်မ (၃၇၇) ဖြင့်အမှုဖွင့်တိုင်ကြားထားတဲ့ သမီးငယ်လေး Victoria ရဲ့အမှုကို ပြီးခဲ့တဲ့ ဇွန်လ (၃) ရက်နေ့မှစတင်ကာ CID သို့လွှဲပြောင်းစစ်ဆေးနေကြောင်းသိရပါတယ်။

ဒါ့အပြင် သမီးငယ်လေးရဲ့အမှုမှာ သံသယရှိသူဟုယူဆ၍ ဖမ်းမိထားသူကိုလည်း သက်သေများအထောက်အထားများမခိုင်လုံသောကြောင့် တရားစွဲဆိုမရ၍ ပြန်လွှတ်ပေးလိုက်ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူ ရဲအရာရှိတစ်ယောက်ကပြောကြားခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့မတ်လထဲက ဖြစ်ပွားခဲ့တဲ့ထိုအမှုဟာ အချိန်တစ်လကျော်ကြာမြင့်လာသည့်တိုင် တရားခံကိုဖမ်းဆီးအရေးယူနိုင်ခြင်းမရှိသည့်အပြင် တရားခံနဲ့ပတ်သက်တဲ့ တိကျတဲ့သတင်းတွေကိုပါထုတ်ပြန်နိုင်ခြင်းမရှိသေးတာကြောင့် ပြည်သူတစ်ရပ်လုံးကသမီးငယ်လေးအတွက် လွန်စွာဝမ်းနည်းစိတ်မကောင်းဖြစ်နေကြကာ အမှုမှန်အမြန်ဆုံးပေါ်ပေါက်ဖို့အတွက် Victoria လေးဘက်က ရေဆုံးမြေဆုံးရပ်တည်လာကြတာဖြစ်ပါတယ်။

အမှုမှန်ပေါ်ပေါက်ဖို့နှင့် တရားခံကိုထိရောက်မှန်ကန်စွာအရေးယူနိုင်ဖို့အတွက် ပြည်သူလူထုသာမက အနုပညာရှင်များစွာကပါ အင်တိုက်အားတိုက်ပါဝင်တောင်းဆိုလာကြတာကြောင့် နိုင်ငံတော်သမ္မကြီးဦးဝင်းမြင့်ကိုယ်တိုင် သမီးငယ်လေး Victoria ရဲ့အမှုကို ကိုင်တွယ်နေတယ်လို့သိရပါတယ်။ သမ္မတကြီးကိုယ်တိုင်က Victoria ရဲ့အမှုကို စိတ်ဝင်တစားကိုယ်တွယ်ဆောင်ရွက်နေတယ်ဆိုတဲ့အကြောင်းကိုတော့ လူ့အခွင့်အရေးကော်မရှင်မှ အတွင်းရေးမှူးဦးဘုန်းကြွယ်က ပြောပြခဲ့တာဖြစ်ပါတယ်။

“ ကျွန်တော်တို့လူ့အခွင့်အရေးကော်မရှင်ကို တိုင်ကြားမှုတော့မရှိသေးဘူးဆိုပေမဲ့ ကျွန်တော်တို့ဘက်ကလည်း လိုအပ်တဲ့နေရာဘက်ကနေဆောင်ရွက်ပေးမှုတွေရှိပါတယ်။ ပြီးတော့ဒီဖြစ်စဉ်ကို သမ္မတကြီးကိုယ်တိုင် စိတ်ဝင်တစားနဲ့ ကိုင်တွယ်ဆောင်ရွက်နေတယ်။ ရဲတပ်ဖွဲ့ကလည်းအဆင့်မြင့်အဖွဲ့ ဖွဲ့စည်းပြီးစစ်ဆေးနေတယ်။ 
 
လူကယ်ပြန်ဝန်ကြီးဘက်ကလည်း ပံ့ပိုးမှုတွေရှိတယ်။ ဘက်စုံဆောင်ရွက်နေတာဖြစ်ပါတယ်။ ပစ်မထားပါဘူး” ဆိုကာ အဘက်ဘက်ကတာဝန်ရှိသူများမှ အင်တိုက်အားတိုက်ဆောင်ရွက်နေတယ်ဆိုတဲ့အကြောင်း ပြောပြသွားခဲ့ပါတယ်။ ထိုအမှုနဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အမှုမှန်အမြန်ဆုံးပေါ်ပေါက်အောင်ဆောင်ရွက်ရန် ညွှန်ကြားထားတယ်လို့လည်း ဆိုပါတယ်။

အချိန် (၁) လကျော်ကြာသည့်တိုင် တရားခံကိုရှာဖွေနေဆဲဖြစ်တဲ့ သမီးငယ်လေး Victoria ရဲ့သက်ငယ်မုဒိန်းမှုကို တာဝန်ရှိသူများကအရေးတယူဆောင်ရွက်နေပြီဖြစ်တာကြောင့် ပြည်သူလူထုပရိသတ်ကြီးဘက်ကလည်း တရားခံပေါ်ပေါက်လာဖို့ သမီးလေးဘက်ကနေဆက်လက်ရပ်တည်ကြပါဦးလို့ တိုက်တွန်းလိုက်ပါရစေ…

 

#Justice_for_Victoria

Source_Akonthi

(ပိုပိုေလး)



Follow us on