1. Home
  2. Movie Stars - Celebrity

Idol အဆိုတော်တစ်ယောက်ဖြစ်လာဖို့က သူမရဲ့အိပ်မက်ဖြစ်ကြောင်းပြောကြားလာတဲ့ မာသာထူးဝါး

Movie Stars - Celebrity ก.ค. 02, 2562 view 1,815

လေးဖြူရဲ့ “ယုံကြည်ရာ” သီချင်းကို cover song ပြန်လည်သီဆိုရင်း လူမှုကွန်ယက်မှာ နာမည်ကြီးလာတဲ့ ကရင်မလေး မာသာထူးဝါးဟာဆိုရင် တောင်ကိုးရီးယားနိုင်ငံ Bucheon မှာနေထိုင်သူတစ်ဦးပဲဖြစ်ပါတယ်။ မာသာထူးဝါးလေးဟာ KBS ရုပ်သံလိုင်းက ထုတ်လွှင့်ပြသတဲ့ My Neighbour,Charles အစီအစဉ်မှာ ပါဝင်ပြီး အရင်ကထက်ပို လူသိများလာတာပဲဖြစ်ပါတယ်။ မာသာထူးဝါးဟာ MBC က ပြုလုပ်တဲ့ MAMF 2018 မှာ ကိုယ်တိုင်ရေးသားထားတဲ့ သီချင်းနဲ့ ပြိုင်ပွဲဝင်ခဲ့ပြီး အင်တာဗျူးမှာ သူမရဲ့ အိပ်မက်တွေအကြောင်းကို ထုတ်ဖော်ပြောကြားသွားပါတယ်။ မာသာထူးဝါးရဲ့ အိပ်မက်တွေက ဘယ်လိုဖြစ်မယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

မာသာထူးဝါးရဲ့ မေမေက မာသာထူးဝါး အသံကောင်းတာမှန်ပေမဲ့ အရမ်းမြင့်လွန်းတဲ့ အသံတွေကို မဆိုနိုင်သေးတာကြောင့် အဆိုတော် So Hyang ဆီမှာ သင်ယူစေခဲ့ပါတယ်။ ဒါအကြောင်းအရာကတော့ KBS ကထုတ်လွှင့်တဲ့ My Neighbour ,Charles အစီအစဉ်မှာ ပါဝင်ခဲ့တာပဲဖြစ်ပါတယ်။

မာသာထူးဝါးဟာ လာမယ့် ၂၀၁၉ ဘူဆန်ရုပ်ရှင်ပွဲတော်မှာ အဆိုတော် So Hyang နဲ့ အတူပါဝင် သီဆိုဖျော်ဖြေရတော့မှာပဲဖြစ်ပါတယ်။ ဘူဆန်ရုပ်ရှင်ပွဲတော်ဆိုတာ တော်ရုံကိုးရီးယား အဆိုတော်တွေတောင် သီဆိုဖျော်ဖြင်ခွင့်ရရှိဖို့ ခက်ခဲတဲ့ ပွဲတစ်ပွဲပါ။

အခုလို အနုပညာမှာ တစ်ဖက်ကမ်းခတ် ထူးချွန်တဲ့မာသာထူးဝါးလေးဟာ Mamf 2018 ပွဲရဲ့ အင်တာဗျူးမှာ သူမရဲ့ အိပ်မက်က idol တစ်ယောက်ဖြစ်လာဖို့ဖြစ်ကြောင်း ပြောကြားသွားပါတယ်။ သူမအကြိုက်ဆုံး Kpop အဖွဲ့ကတော့ wannaone ဖြစ်ပြီး အကြိုက်ဆုံး အဖွဲ့ဝင်က Kim Jae Hwan ဖြစ်ကြောင်းကိုလဲ ပြောကြားသွားပါတယ်။

မာသာထူးဝါးတစ်ယောက် သူမရဲ့ အိပ်မက်တွေအကြောင်း ဘယ်လိုပြောကြားသွားတယ်ဆိုတာ သိရှိဖို့ ဗွီဒီယိုမှာဆက်လက်ကြည့်ရှုလိုက်ရအောင်။>>

သီချင်းဆိုတဲ့နေရာမှာ တော်ပြီး ထူးချွန်ထက်မြက်တဲ့ မာသာထူးဝါးလေး ဒီထက်မက အောင်မြင်ပြီး ကြီးလာရင်လဲ အောင်မြင်တဲ့ kpop idol အဆိုတော်ကြီး ဖြစ်လာပါစေလို့ ပိုပိုလေးအဖွဲ့သားများမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

(ပိုပိုလေး)

 

 



Follow us on