1. Home
  2. Movie Stars - Celebrity

အမျိုးသမီးနှစ်ဦးကို အလိုမတူပဲနမ်းဖို့ကြိုးစားခဲ့ရင်းက အမှုဖွင့်ခံလိုက်ရတဲ့ Lee Min Woo

Movie Stars - Celebrity ก.ค. 03, 2562 view 1,721

တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော်တေးဂီတအဖွဲ့ Shinhwa အဖွဲ့ဝင် Lee Min Woo ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်က အနုပညာလောကမှ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေများနဲ့ ဂန်းနမ်မှာရှိတဲ့ စားသောက်ဆိုင်တစ်ဆိုင်ကိုသွားရောက်လည်ပတ်ခဲ့ပါတယ်။ Lee Min Woo ဟာ ကေပေါ့ပ်လောကမှာ Shinhwa အဖွဲ့နဲ့အတူ 1st generation ကတည်းက နာမည်ကြီးသူတစ်ဦးဖြစ်ခဲ့ပါတယ်။ Lee Min Woo တစ်ယောက် ဘယ်သူတွေကို ဘယ်လို ကျူးလွန်မိလို့ တရားစွဲအမှုဖွင့်ခံရတယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

အဆိုတော် Lee Min Woo ဟာ စားသောက်ဆိုင်မှာသူငယ်ချင်းများနဲ့ သောက်စားရင်း ရုတ်တရက်ထကာ တစ်ဖက်ဝိုင်းမှ အမျိုးသမီး ၂ ဦးကို အတင်းအဓ္ဓမနမ်းခဲ့တာကြောင့် အမှုဖွင့်ခံခဲ့ရတာပဲဖြစ်ပါတယ်။ အဆိုပါ အမျိုးသမီး ၂ ဦးမှာ သူစိမ်းမဟုတ်ပဲ Lee Min Woo နဲ့ ခင်မင်ရင်းနှီးသူများသာ ဖြစ်ကြောင်း ရဲဋ္ဌာနပြောပြချက်အရ သိရှိရပါတယ်။

“ကျွန်မကို Lee Min Woo က ဒီနေ့ထိပါးစော်ကားဖို့ အများကြီးလုပ်ခဲ့ပါတယ်။ သူ ကျွန်မကို အတင်းနမ်းခဲ့ပြီး ကျွန်မရဲ့ ခန္ဓာကိုယ်ကိုထိတွေ့ခဲ့ပါတယ်။” ဟု အထိပါး ခံရသူအမျိုးသမီး ၂ ဦးထဲက တစ်ဦးက ရဲစခန်းမှာ ထွက်ဆိုခဲ့ပါတယ်။

ဒီအမှုနဲ့ ပတ်သတ်ပြီး ဂန်းနမ်ရဲစခန်းမှ အောက်ပါအတိုင်း ထုတ်ပြန်လာပါတယ်။

“အဆိုတော် Lee Min Woo ဟာ အမျိုးသမီးကိုအလိုမတူဘဲ ထိပါးမှုနဲ့ ဆက်လက်စုံစမ်းစစ်ဆေးသွားမှာဖြစ်ပါတယ်” ဆိုပြီး ထုတ်ပြန်ကြေညာလာပါတယ်။

တစ်ဖန် Lee Min Woo အေဂျင်စီ Liveworks မှ ဒီကိစ္စနဲ့ အမျိုးသားနဲ့ အမျိုးသမီးကြား နားလည်မှုလွဲမှားမှုတစ်ခုတာဖြစ်ကြောင်း၊ အခုလို စိတ်ပျက်စေတဲ့အတွက် တောင်းပန်ကြောင်းကို စာနှင့်တကွ ထုတ်ပြန်လာခဲ့ပါတယ်။

“မင်္ဂလာပါ Liveworks ကုမ္ပဏီဖြစ်ပါတယ်။ လက်ရှိထွက်ပေါ်လာတဲ့ သတင်းနဲ့ပတ်သတ်ပြီး ကျွန်တော်တို့ဘက်က စိတ်ရင်းနဲ့ တောင်းပန်ပါရစေ။ Lee Min Woo မှာ ဖြစ်ပျက်သွားတဲ့ ကိစ္စဟာ သဘောထားလွဲမှုတစ်ခုသာဖြစ်ပြီး အခုတော့ နှစ်ဦးနှစ်ဖက် ညှိနှိုင်းပြေလည်သွားပြီဖြစ်တာကြောင့် ထိပါးစော်ကားမှုကို ကျေအေးလိုက်ပြီပဲဖြစ်ပါတယ်။ Lee Min Woo ကလဲ သူ့လုပ်ရပ်တွေနဲ့ ပတ်သတ်ပြီးနောင်တရနေပါပြီ။ အခုလို နားလည်မှု ထင်မြင်ချက်လွဲမှားမှုလေးတွေဖြစ်သွားတဲ့အတွက် ကျွန်တော်တို့ စိတ်ရင်းအမှန်နဲ့ တောင်းပန်ပါတယ်” ဆိုပြီး ထုတ်ပြန်သွားပါတယ်။

Source-koreaboo

(ပိုပိုလေး)

 

 

 



Follow us on