တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော်မင်းသားတစ်လက်ဖြစ်တဲ့ Kim Soo Hyun ရဲ့ ဖခင် Kim Choong Hoon ဟာ အဆိုတော်တစ်ဦးဖြစ်ပြီး လတ်တလော အယ်လ်ဘမ်အသစ်ထွက်ရှိထားတာပဲဖြစ်ပါတယ်။ သရုပ်ဆောင် Kim Soo Hyun ရဲ့ ဖခင်ဟာ Choi llgu’s Hurricane ရေဒီယိုအစီအစဉ်မှာပါဝင်ခဲ့ပြီး သူ့သားနဲ့ မတွေ့ရတာကြာလို့ သတိရမိကြောင်းပြောကြားလာပါတယ်။ Kim Soo Hyun ဖခင် ဘယ်လိုပြောကြားသွားတယ်ဆိုတာ သိရှိဖို့ ဆက်လက်ကြည့်ရှုလိုက်ရအောင်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<
အဆိုတော် Kim Choong Hoon ဟာ သားဖြစ်သူ သရုပ်ဆောင် Kim Soo Hyun ကိုသတိရကြောင်း အောက်ပါအတိုင်းပြောကြားလာပါတယ်။
Kim Soo Hyun ရဲ့ အဖေနဲ့ အမေဟာ ငယ်စဉ်ကတည်းက ကွာရှင်းပြတ်စဲခဲ့တာဖြစ်ပြီး Kim Soo Hyun ကိုမိခင်က စောင့်ရှောက်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် Kim Soo Hyun ကဖခင်ကို အင်တာနက်မှတစ်ဆင့် လူအများက အောက်ပါအတိုင်း ပုတ်ခတ်ပြောဆိုလာပါတယ်။
“အရှက်မရှိလိုက်တာ”
“ကွာရှင်းပြီးကတည်းက မိသားစုကိုစွန့်ပစ်ခဲ့ပြီး အမေနဲ့သားနှစ်ယောက်တည်းကို ပစ်ထားခဲ့တာ။ အမေဖြစ်သူသာ ဒီစကားကြားရင် ရယ်နေတော့မှာပဲ”
“ဒီစကားကြားပြီး မသိတဲ့လူတွေက ရှင်တို့သားအဖ ဆက်ဆံရေးပြေလည်တယ်လို့ ထင်နေပါဦးမယ်”
“တခြားမိန်းမတစ်ယောက်အတွက်နဲ့ Kim Soo Hyun နဲ့သူ့ အမေကို ချန်ထားခဲ့တာနဲ့တင် မလုံလောက်သေးဘူးလား?” ဆိုပြီး အင်တာနက်ပေါ်မှာ ဝေဖန်ပြောဆိုခဲ့ကြပါတယ်။
လက်ရှိမှာ Kim Soo Hyun ဖခင် Kim Choong Hoon ဟာ နောက်အိမ်ထောင်နဲ့ သမီးတစ်ယောက်ရှိပါတယ်။ သူမနာမည်က Kim Juna ဖြစ်ပြီး နာမည်ကျော် ကိုးရီးယား အိုက်ဒေါလ်အဆိုပြိုင်ပွဲ produce 101 မှာပါဝင်ယှဉ်ပြိုင်ဖူးပါတယ်။
လက်ရှိမှာ Kim Soo Hyun ဟာအောင်မြင်တဲ့ သရုပ်ဆောင်တစ်ဦးဖြစ်နေပါပြီ။ သူ့ဖခင်ဟာ ငယ်စဉ်တုန်းက Kim Soo Hyun ကိုစွန့်ပစ်ခဲ့ပြီး အခုလို အောင်မြင်တဲ့အချိန်ရောက်မှ အဖေဆိုတဲ့ ဂုဏ်ပုဒ်နဲ့ မဏ္ဍပ်တိုင်တက်ပြချင်တာမျိုးကို Kim Soo Hyun ရဲ့ ပရိတ်သတ်တွေက လက်မခံနိုင်ဖြစ်နေကြတာပါ။ အဖေမရှိလဲ ကောင်းမွန်စွာ ကြီးပြင်းလာတဲ့ Kim Soo Hyun ရဲ့ အရည်အချင်းတွေကို မချီးကျူးပဲ မနေနိုင်တော့ပါဘူး။
Source-allkpop
(ပိုပိုလေး)