1. Home
  2. Special or Others

ကမ္ဘာ့အကြီးဆုံး ငါးကြင်းကြီးကို ထိုင်းနိုင်ငံတွင် ဖမ်းမိ

Special or Others ก.ค. 04, 2562 view 2,262
အလေးချိန် ၂၃၂ ပေါင် (၁၀၅ ကီလို) ရှိသည့် ကမ္ဘာ့အကြီးဆုံး ငါးကြင်း အကြီးစားကြီးကို ဗြိတိသျှနိုင်ငံက ကျွမ်းကျင်သူများက ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး ရေပြင်တွင် ဖမ်းဆီးရမိခဲ့သည်။
 
ဘန်ကောက်မြို့ အနောက်ဘက်ပိုင်းရှိ Palm Tree Lagoon တွင် ဗြိတိသျှလူမျိုး ငါးဖမ်းကျွမ်းကျင်သူ အသက် ၄၂ အရွယ် Harvey John က ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။ သူဟာယခင်က အလေးချိန် ၁၀ ပေါင်ရှိတဲ့ ငါးတစ်ကောင်ကိုလည်း ယခင်က ဖမ်းဆီးမိခဲ့ဖူးတာကြောင့် ယခုတစ်ကြိမ်မှာ သူရဲ့စံချိန်ကို ချိုးသွားနိုင်ခဲ့တာဖြစ်ပါတယ်။
 
ဒီငါးကို ဖမ်းဆီးမိနိုင်ဖို့ မိနစ် ၈၀ လောက် အပြင်းအထန်ရုန်းကန်ခဲ့ရပြီး နောက်ဆုံးမှာ ကမ်းပေါ်ကို သယ်တင်လာနိုင်တာဖြစ်တယ်လို့ John က ဆိုပါတယ်။ ငါးရဲ့အရွယ်အစားဟာ အဆမတန်ကြီးမားလွန်းတာကြောင့် သူ့မျက်လုံးကိုတောင် သူမယုံကြည်နိုင်ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။
 
 
ယိုးဒယားငါးကြင်းငါးသိုင်း မျိုးစိတ်ဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး ငါးကြင်းငါးသိုင်းမျိုးဖြစ်ပြီး အာရှချိုင့်ဝှမ်းဒေသတွေမှာ နေထိုင်တွေ့ရှိရပါတယ်။ John ဟာ ထိုင်းနိုင်ငံ ပတ္ထရားမှာ နေထိုင်ခဲ့တာ ၁၄ နှစ်ရှိပြီဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး ငါးတွေကို လိုက်လံဖမ်းဆီးခြင်းနဲ့ ဂုဏ်သတင်းကျော်စောသူလည်းဖြစ်ပါတယ်။


Follow us on