1. Home
  2. Movie Stars - Celebrity

အလွန်အကြူးနှောင့်ယှက်လာတဲ့ ပရိတ်သတ်တွေကို သတိပေးလိုက်တဲ့ Choi Si Won

Movie Stars - Celebrity ก.ค. 05, 2562 view 1,515

တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော် Kpop အဆိုတော်အဖွဲ့ Super Junior မှ Choi Si Won ဟာ အောင်မြင်ကျော်ကြားတဲ့ အဆိုတော်၊ မင်းသား တစ်ယောက်ဖြစ်တဲ့အလျောက် ပရိတ်သတ်အများအပြားရရှိထားသူတစ်ဦးပဲဖြစ်ပါတယ်။ Siwon ဟာ ဆိုရှယ်မီဒီယာမှာ positive ဖြစ်စေတဲ့ ပရိတ်သတ်ကိုစိတ်ချမ်းသာစေတဲ့ ဓာတ်ပုံများသာတင်လေ့ရှိသူတစ်ဦးဖြစ်ပြီး ဒီတစ်ခါ တင်လာတဲ့ တွစ်တာပို့စ်ကတော့ အလွန်အမင်း နှောင့်ယှက်လာတဲ့ ပရိတ်သတ်တွေကို ဆင်ခြင်ဖို့ အသိပေးလာတာပဲဖြစ်ပါတယ်။ Siwon တစ်ယောက် အလွန်အကြူးပရိတ်သတ်တွေကို ဘယ်လို သတိပေးသွားလဲဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

ဇူလိုင်လ ၄ ရက်နေ့မှာ Siwon ဟာ သူ၏တွစ်တာစာမျက်နှာမှာ အောက်ပါအတိုင်း ပို့စ်တင်ခဲ့ပါတယ်။

“တစ်စုံတစ်ယောက်ကို ချစ်မြတ်နိုးတယ်ဆိုရင် သူတို့ကိုနားလည်မှုပေးပြီး ဂရုစိုက်ပေးရမှာဖြစ်ပါတယ်။ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေထပါ လိုက်နှောင့်ယှက်တာမျိုး၊ stalker သဘောမျိုးတွေ မလုပ်သင့်တော့ပါဘူး။ ပြီးတော့ အခြေအမြစ်မရှိတဲ့ ကောလာဟာလတွေ ဖြန့်နေတာမျိုးတွေလဲ မလုပ်သင့်ပါဘူး။” ဆိုပြီးရေးသားထားပါတယ်။ အဆိုပါ အကြောင်းအရာကို Siwon ဟာ ကိုးရီးယား၊ အင်္ဂလိပ် (၂)ဘာသာဖြင့် ရေးသားပြီးဖော်ပြခဲ့တာပဲဖြစ်ပါတယ်။

အလွန်အကြူးကြိုက်နှစ်သက်တဲ့ ပရိတ်သတ်များကိုတောင်ကိုးရီးယားမှာ saesangs လို့ခေါ်ပြီး သူတို့ဟာ ကိုယ်ကြိုက်နှစ်သက်တဲ့ အိုက်ဒေါလ်အဆိုတော်တွေနောက်ကို တကောက်ကောက်လိုက်ပြီး တချို့ဆိုရင် အိမ်ထဲထိ ခိုးဝင်လာတာမျိုးတွေ၊ အိပ်ရာပေါ်ထိတက်လာတာမျိုးတွေ တောင်ရှိတဲ့အထိ ဆိုးဝါးကြပါတယ်။ ပရိတ်သတ်ကြီးချစ်တဲ့ အဆိုတော်မင်းသား Choi Siwon တစ်ယောက်တော့ saesangs တွေရဲ့ နှောင့်ယှက်မှုကြောင့် စိတ်မသက်မသာ ဖြစ်ခဲ့ရပုံပါပဲ။

Source-koreaboo

(ပိုပိုလေး)



Follow us on