နာမည်ကျော် တောင်ကိုးရီးယား Youtube blogger တစ်ဦးဟာ သူမကိုယ်တိုင် မိန်းကလေး idol အဆိုတော်တစ်ယောက်ဖြစ်ဖို့ ကြိုးစားခဲ့ပေမယ့် ကုမ္ပဏီသူဌေးရဲ့ စော်ကားမှုကြောင့် လက်လျော့ခဲ့ကြောင်းပြောပြလာပါတယ်။ Kwon Hyuk Jung အမည်ရှိတဲ့ သူမဟာ အဆိုတော်တစ်ယောက်ဖြစ်လာဖို့ ကြိုးစားရင်းက ဘယ်လို ထိပါးစော်ကားခံခဲ့ရတယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<
Kwon Hyuk Jung ဟာ ပြီးခဲ့တဲ့ရက်ပိုင်းအနည်းငယ်က ကိုယ်ပိုင် Youtube Channel မှတစ်ဆင့် အဆိုတော်ဖြစ်ဖို့ လက်လျော့ခဲ့ပုံကို အောက်ပါအတိုင်းပြောပြလာပါတယ်။
Kwon Hyuk Jung သူမအဝတ်အစားများကို ချွတ်ဖို့ငြင်းဆိုခဲ့ပြီး idol တစ်ယောက်ဖြစ်လာဖို့ကိုလဲ လက်လျော့ခဲ့ကြောင်း ပြောပြထားပါတယ်။ ကံကောင်းစွာနဲ့ပဲ idol အဆိုတော်မဖြစ်လာတဲ့ Kwon Hyuk Jung ဟာအခုဆိုရင် နာမည်ကြီး Youtuber တစ်ဦးဖြစ်နေတဲ့အပြင် online shopping mall ရဲ့ CEO တစ်ယောက်ဖြစ်နေပါပြီ။
မိန်းကလေးတွေကို Idol တစ်ယောက်အနေနဲ့ အောင်မြင်တဲ့ကမ္ဘာကျော်တစ်ယောက်ဖြစ်လာဖို့ ကြိုးစားရင်းက မသမာသူတွေလက်ထဲမှာ ရေစုန်မျောသွားမှာစိုးလို့ သူမအနေနဲ့ သတိပေးခဲ့တာဖြစ်ပါတယ်။ အကြောင်းစုံကိုသူမ ဘယ်လိုပြောသွားတယ်ဆိုတာ သိရှိဖို့ အောက်ပါဗွီဒီယိုမှာဆက်လက်ကြည့်ရှုလိုက်ရအောင်။
Source-koreaboo
(ပိုပိုလေး)