တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော် သရုပ်ဆောင် မစ်ကီယူချန်းဟာ ဇူလိုင် ၂ ရက်နေ့မှာ မူးယစ်ဆေးသုံးစွဲမှုနဲ့ ထောင်ဒဏ်(၂) နှစ်အပြင် ဒဏ်ကြေးငွေအဖြစ်ကိုးရီးယားဝမ် ၁.၄ သန်းတို့ကို ပေးဆောင်ရမှာဖြစ်ပါတယ်။ ယူချန်းဟာ သူကိုယ်တိုင် ဝမ်းနည်းကြေကွဲမိကြောင်း၊ ဖြစ်ပျက်ခဲ့တာတွေအတွက်နောင်တရမိကြောင်း၊ ပရိတ်သတ်တွေကို တောင်းပန်ကြောင်း ထောင်ဒဏ်ချမှတ်ခံရတဲ့ ရက်မှာပဲ လူသိရှင်ကြားတောင်းပန်ခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဇူလိုင် ၄ ရက်နေ့မှာ ယူချန်းတစ်ယောက် ပရိတ်သတ်ပေးထားတဲ့ လက်ဆောင်များနဲ့ ပျော်ရွှင်နေတဲ့ ဓာတ်ပုံတစ်ပုံ အင်တာနက်မှာ ပြန့်လာပါတယ်။ အဆိုပါ ဓာတ်ပုံကိုတော့ ပတ်ယူချန်းရဲ့ညီ ပတ်ယူဟွမ်ကတင်ခဲ့တာပဲဖြစ်ပါတယ်။ ပတ်ယူချန်းတစ်ယောက် ဘယ်လိုပျော်ရွှင်နေတယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<
ညီဖြစ်သူပတ်ယူဟွမ်တင်ခဲ့တဲ့ ယူချန်းပုံနဲ့ ပတ်သတ်ပြီး ပရိတ်သတ်တွေက
“အရင်နေ့တွေက တောင်းပန်ခဲ့တာ သူလား”
“ကြည့်ပါလား သူ့ပုံစံကြည့်ရတာ နောင်တရတဲ့ပုံတောင်မပေါက်ဘူး။”
“မကြာခင်ထောင်ကျတော့မယ့် လူတစ်ယောက်ကလဲသာယာနေလိုက်တာ” ဆိုပြီး အင်တာနက်မှာ ကော်မန့်ပေါင်းစုံရေးသားခဲ့ကြပါတယ်။
လူထုပရိတ်သတ်တွေဟာ ပတ်ယူချန်းတစ်ယောက် အသိတရားမရသေးပဲ လွန်ခဲ့တဲ့ သုံးရက်က တောင်းပန်ခဲ့တာဟာ ဟန်ဆောင်နေတယ်လို့ ယူဆခဲ့ကြပုံပါပဲ။
Source-allkpop
(ပိုပိုလေး)