1. Home
  2. Movie Stars - Celebrity

ဇနီးသည်နဲ့ ကွာရှင်းအပြီး ဆက်လက်လုပ်ဆောင်မယ့် အနုပညာခြေလှမ်းတွေအကြောင်းပြောပြလာတဲ့ ဆောင်းဂျွန်ကီ

Movie Stars - Celebrity ก.ค. 05, 2562 view 1,661

တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော် မင်းသားတစ်လက်ဖြစ်တဲ့ ဆောင်ဂျွန်ကီဟာ အိမ်ထောင်ရေး မပြေလည်တာကြောင့် စိတ်ဖိစီးမှုများပြားပြီး ဦးခေါင်းမှ ဆံပင်များကျွတ်ထွက်သည့်တိုင်အောင် အခြေအနေဆိုးဝါးခဲ့ပါတယ်။ ဆောင်ဂျွန်ကီဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့၊ တရားရုံးမှာဇနီးသည် ဆောင်းဟယ်ကျိုကို ကွာရှင်းခွင့်တင်ခဲ့တာဖြစ်ပြီး ၂၇ ရက်နေ့မှာ လူထုပရိတ်သတ်ကို အသိပေးကြေညာခဲ့ပါတယ်။ ဆိုးလ်မြို့နယ် တရားရုံးကနေလဲ ဆောင်းဂျွန်ကီနဲ့ ဆောင်းဟယ်ကျို အမှုကို လာမယ့် သြဂုတ်လအတွင်း အပြီးသတ်နိုင်ဖို့ လျာထားကြောင်း သိရှိရပါတယ်။ ဒီကြားထဲ ကွာရှင်းပြတ်စဲဖို့နဲ့ အလုပ်ရှုပ်နေဦးမယ့် ဆောင်ဂျွန်ကီဟာ ရုပ်ရှင်ဇာတ်ကားအသစ်ရိုက်ကူဖို့ရှိပါတယ်။ သူအဓိကဇာတ်ဆောင်အဖြစ် ပါဝင်ရိုက်ကူးမယ့်ရုပ်ရှင်က ဘယ်လိုရုပ်ရှင်မျိုးလဲဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

ဆောင်းဂျွန်ကီရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားအသစ်ကတော့ Victory လို့အမည်ရပြီး ပထမဦးဆုံး တောင်ကိုးရီးယားနိုင်ငံရဲ့ သိပ္ပံရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ ဒါရိုက်တာကတော့ ဆောင်းဂျွန်ကီ ပါဝင်သရုပ်ဆောင်ဖူးတဲ့ “werewolf boy” ရုပ်ရှင်ကားမှ ဒါရိုက်တာ Cho Sung Hee ရိုက်ကူးမှာဖြစ်ပါတယ်။ ယခုစတင်ရိုက်ကူးတော့မယ့် Victory ရုပ်ရှင်ကားမှာကိုးရီးယားဝမ် ၂၀ ဘီလီယံ အကုန်ကျခံကာ ရိုက်ကူးသွားမှာပဲဖြစ်ပါတယ်။

Victory ရုပ်ရှင်ဇာတ်ကားမှာ ဆောင်ဂျွန်ကီဟာ Tae Ho နေရာကပါဝင်သရုပ်ဆောင်မှာဖြစ်ပြီး မင်းသမီး Kim Taeri, သရုပ်ဆောင် Yoo Hae Jin နဲ့ Jin Seon Kyu တို့ကလဲ အဓိကဇာတ်ဆောင်တွေအနေနဲ့ အားဖြည့်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။

ဆောင်ဂျွန်ကီဟာ ၂၀၁၇ မှာ Battleship island ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ တော်လှန်ရေးစစ်ဗိုလ်အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့ပြီး ရုပ်ရှင်ကားကြီး မရိုက်ဖြစ်တာ ၂ နှစ်တိတိရှိပြီပဲဖြစ်ပါတယ်။ ဆောင်ဂျွန်ကီတစ်ယောက်  ကိုးရီးယားရဲ့ ပထမဦးဆုံးသိပ္ပံကားမှာ ဘယ်လိုသရုပ်ဆောင်မယ်ဆိုတာ စိတ်ဝင်စားစရာပါပဲ။

Source-koreaboo

(ပိုပိုလေး)



Follow us on