1. Home
  2. Movie Stars - Celebrity

Trailer ဗွီဒီယိုထွက်ရှိလာပြီဖြစ်တဲ့ Disney Mulan ရုပ်ရှင်ဇာတ်ကားကြီး

Movie Stars - Celebrity ก.ค. 08, 2562 view 2,066

နာမည်ကျော် Disney ကာတွန်းကားတွေထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ Mulan ကို လူသရုပ်ဆောင်များနဲ့ ပြန်လည်ရိုက်ကူးဖို့ စီစဉ်ခဲ့တာ အချိန်တစ်ခုကြာခဲ့ပြီပဲဖြစ်ပါတယ်။ မိန်းကလေးတစ်ဦးဖြစ်ပေမယ့် အိမ်ထောင်မှုကိစ္စများကို စိတ်မဝင်စားပဲ တိုက်ခိုက်ဖို့သာ စိတ်အားထက်သန်နေတဲ့ မိန်းကလေး မူလန်အဖြစ် မြန်မာပရိတ်သတ်တွေ ဂူးဂူးလို့ သိကြတဲ့ သရုပ်ဆောင် Lui Yi Fei က ပါဝင်သရုပ်ဆောင်သွားမှာပါ။ ဂူးဂူးကို နူးညံ့သိမ်မွေ့တဲ့ မိန်းကလေး တစ်ဦးအဖြစ်သာ ပရိတ်သတ်တွေ မြင်တွေ့ခဲ့ရသလောက် Mulan ဇာတ်ကားမှာတော့ ယောင်္ကျားလေးဟန်ဆောင်ပြီး စစ်မှုထမ်းတဲ့ ခပ်ဆိုးဆိုး ကောင်မလေးတစ်ယောက်အဖြစ် မြင်တွေ့ခွင့်ရတော့မှာပါ။ ဂူဂူး တစ်ယောက် Mulan အဖြစ် ဘယ်လို ပါဝင်သရုပ်ဆောင်ထားတယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

ခြေထောက် တစ်ဖက်မသန်တဲ့ဖခင် ကို စစ်မှုမထမ်းစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ယောင်္ကျားလေးဟန်ဆောင်ကာ စစ်ထဲ ဝင်ခဲ့တဲ့ Mulan ဟာ မိန်းကလေးမှန်း သိသွားတဲ့ အခါမှာတော့ စစ်တပ်မှ မောင်းထုတ်ခြင်းကို ခံခဲ့ရပါတယ်။

Mulan Live Action မှာတော့ ကာတွန်းကားနဲ့ တခြားသော အရာများ ထပ်တူကျပေမဲ့ Mushu (မူရှူး) လို့ အမည်ရတဲ့ မျိုးရိုးကို စောင့်ရှောက်တဲ့ နဂါးတော့ ပါဝင်တော့မှာမဟုတ်ပါဘူး။

Mulan ရုပ်ရှင်ကားကြီးကို လာမယ့် နှစ် ၂၀၂၀ မတ်လ မှာ ရုံတင်ပြသသွားမှာဖြစ်ပြီး နာမည်ကျော်သရုပ်ဆောင်များဖြစ်တဲ့ Donnie Yen(IP Man မင်းသားကြီး) ၊ Gong Li ၊ Jet Li ၊ Yoson An၊ Jason Scott Lee တို့ ကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

၂၀၂၀ မှာ ရုံတင်ပြသမယ့် Mulan Live Action ရုပ်ရှင်ကားကြီးကို ကာတွန်းထက် စိတ်ဝင်စားစရာကောင်းအောင် ဘယ်လိုရိုက်ကူးထားတယ်ဆိုတာ သိရှိဖို့ trailer ဗွီဒီယိုမှာ ဆက်လက်ကြည့်ရှုလိုက်ရအောင်>>

Source-disney

(ပိုပိုလေး)

 

 



Follow us on