1. Home
  2. Football

‪သူများနဲ့မတူ တစ်မူထူးခြားတဲ့ ရာမို့စ်ရဲ့ Bottle Cap Challenge

Football ก.ค. 08, 2562 view 1,836

 Bottle Cap Challenge  ဟာ လူမှုကွန်ယက်ပေါ်မှာ ခေတ်စားလာပြီး နာမည်ကျော် ဘောလုံးသမားတွေကပါ တစ်ယောက်နဲ့ တစ်ယောက် challenge လုပ်လာကြတာကို တွေ့ ရပါတယ်။့ Bottle Cap Challenge   ဆိုတာက ကိုင်ထားတဲ့ ရေဗူးကို နောက်ပြန်လှည့်ကာ ခြေထောက်ဖြင့် လှည့်ပြီး ဖွင့်ရတဲ့ Challenge တစ်ခု ဖြစ်ပြီး လွယ်မလိုလို နဲ့ ခက်ခဲတဲ့ အရာတစ်ခုဖြစ်ပါတယ်။

တစ်လောက LA ဂလက်စီ တိုက်စစ်မှူး ဇလာတန် အေဗရာမိုဗစ်ဟာ ကိုင်ထားတဲ့ ရေဗူးကို နောက်ပြန်တစ်ချက်လှည့်ကာ သူ၏ ခြေထောက်ဖြင့် ဖွင့်ပြခဲ့ပြီး မန်ယူကွင်းလယ်လူ ပေါ့ဘာကို စိန်ခေါ်ခဲ့ပါတယ်။

ပေါ့ဘာလည်း ဇလာတန်၏ စိန်ခေါ်မှုကို လက်ခံခဲ့ပြီး ရေဗူးနှစ်ဗူး ကို တစ်ပြိုက်နက် ဖွင့်ပြခဲ့ပြီး “ ဒီလောက်လေးပဲလား ဆိုပြီး ” Twitter ပေါ်ကိုတင်ခဲ့ပါတယ်။ ထို့နောက့် Bottle Cap Challenge   ဟာ ပိုမိုခေတ်စားလာပြီး ဘောလုံးသမားတွေ တစ်ယောက်နဲ့ တစ်ယောက် Challenge ခေါ်လုပ်ပြခဲ့ကြပါတယ်။

အဆိုပါ့ Bottle Cap Challenge  မှာ ရီးရဲလ်မက်ဒရစ် နောက်ခံလူ ရာမို့စ်ကတော့ သူများနဲ့မတူ တစ်မူထူးခြားတဲ့ တစ်ဆင့်မြင့်တဲ့ Challenge ပုံစံကို ပြုလုပ်ပြခဲ့ပါတယ်။ သူဟာ သူများတွေကို ကိုင်ထားတဲ့ ရေဗူးကို ခြေထောက်ဖြင့် ဖွင့်တာမဟုတ်ဘဲ လျှာဖြင့်ဖွင့် ပြခဲ့တာဖြစ်ပါတယ်။ ထို့နောက် ရယ်စရာ အီမိုဂျီ နဲ့ သူလို့မျိုးပုံစံ လုပ်ပြဖို့ ရော်ဘတ်တို ကာလို့စ် နဲ့ တိုနီကရူး တို့ကို စိန်ခေါ်ခဲ့ပါတယ်။



Follow us on