တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော် kpop အဆိုတော်အဖွဲ့ NCT 127 ဟာဆိုရင် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့မှာ Neo City – The Origin ဖျော်ဖြေပွဲကျင်းပဖို့ ရောက်ရှိနေတာပဲဖြစ်ပါတယ်။ လန်ဒန်မြို့ရှိ NCT 127 ကိုချစ်ကြတဲ့ ပရိတ်သတ်များဟာ ဖျော်ဖြေပွဲပြီးတာတောင် အဖွဲ့ဝင်တွေကို ထပ်ပြီး မြင်တွေ့ချင်ကြပုံပါပဲ။ NCT 127 တည်းခိုတဲ့ နာမည်ကြီး ဟိုတယ်ကို သွားရောက်ပြီး မီးလန့်အချက်ပေး ဥသြကို သွားဆွဲခဲ့ကြောင်း သိရပါတယ်။ ဟိုတယ်အနေနဲ့ ဒီကိစ္စကို ဘယ်လို ထုတ်ဖော်ပြောကြားလာတယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<
Neo City ကို လာရောက်ကြည့်ရှုတဲ့ ပရိတ်သတ်တွေဟာ ဖျော်ဖြေပွဲကြည့်ရုံနဲ့ မလုံလောက်နိုင်သေးဘဲ NCT127 အဖွဲ့ဝင်တွေကို ထပ်မံမြင်တွေ့ချင်ပုံပါပဲ။ ပရိတ်သတ်များအနေနဲ့ မိမိကြိုက်နှစ်သက်တဲ့ အနုပညာရှင်ကို ချစ်မြတ်နိုးတာမှန်ပေမယ့် အမှန်တကယ်ချစ်မြတ်နိုးတယ်ဆိုရင် သူတို့ရဲ့ ကိုယ်ပိုင်ဘဝကိုလဲ တန်ဖိုးထားလေးစားသင့်ပါတယ်။
Source-koreaboo
(ပိုပိုလေး)