1. Home
  2. Movie Stars - Celebrity

Mulan ရုပ်ရှင်ကားကြီးမှာ ချင်မင်းဆက်ရဲ့ ဘုရင်ကြီးအဖြစ်မြင်တွေ့ရမယ့် ဂျက်လီ

Movie Stars - Celebrity ก.ค. 09, 2562 view 1,806

တရုတ်နိုင်ငံရဲ့ ပထမဦးဆုံး အမျိုးသမီးသူရဲကောင်း Mulan ရဲ့ ဇာတ်လမ်းဟာဆိုရင် ပရိတ်သတ်ကြီးနဲ့ သိပ်စိမ်းမယ်မထင်ပါဘူး။ ကမ္ဘာကျော် Walt Disney ရုပ်ရှင်ရိုက်ကူးထုတ်လုပ်ရေး ကုမ္ပဏီမှ Mulan ကာတွန်းကားကို လူသရုပ်ဆောင်များနဲ့ ပြန်လည်ရိုက်ကူးဖို့ စီစဉ်ခဲ့ပြီး မြန်မာပရိတ်သတ်တွေ ဂူဂူးလို့သိကြတဲ့ မင်းသမီးချောလေး Lui Yi Fei ဟာ အဓိကဇာတ်ကောင် Mulan အဖြစ်ပါဝင်သရုပ်ဆောင်သွားမှာပဲဖြစ်ပါတယ်။ Mulan ရုပ်ရှင်ဇာတ်ကားရဲ့ Trailer Video ကိုပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်နေ့မှာ Walt Disney ရဲ့ ကိုယ်ပိုင် Youtube Channel မှာတင်ပေးခဲ့ပြီး လာမယ့် မတ်လ၊ ၂၀၂၀ မှာ စတင်ပြသတော့မှာဖြစ်ကြောင်းကိုလဲ အသိပေးလိုက်ပါတယ်။၂၀၂၀ မှာရုံတင်ပြသတော့မယ့် Mulan ရုပ်ရှင်ကားကြီးမှာ တခြား နာမည်ကြီး သရုပ်ဆောင်တွေ ဘယ်လိုပါဝင်မယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

Mulan ရုပ်ရှင်ဇာတ်ကားကြီးမှာ ကမ္ဘာကျော် ရှောင်လင်မင်းသားကြီး ဂျက်လီက တရုတ်နိုင်ငံ၊ ချင်မင်းဆက်ရဲ့ ဘုရင်ကြီးအဖြစ်ပါဝင်သရုပ်သွားမှာဖြစ်ပါတယ်။ ဂျက်လီဟာ လည်ချောင်းနဲ့ ပတ်သတ်တဲ့ရောဂါဝေဒနာကိုခံစားနေရတာဖြစ်ပြီး ကျန်းမာရေးအခြေအနေကြောင့် အနုပညာအလုပ်များ ရပ်နားထားရတာဖြစ်ပါတယ်။ ဒါဟာ အနားယူပြီးနောက် ပထမဦးဆုံး ပြန်လည်ရိုက်ကူးတဲ့ ဇာတ်ကားဆိုလဲ မမှားပါဘူး။

ဂျက်လီ အပြင် နောက်ထပ်ပါဝင်မယ့် သရုပ်ဆောင်ကတော့ IP Man မင်းသားကြီး Donnie Yen ပဲဖြစ်ပါတယ်။ Donnie Yen ကတော့ Mulan ရဲ့ ဆရာ Commandar Tung အဖြစ်ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။

နောက်ဆုံးတစ်ယောက်အနေနဲ့ တရုတ်နိုင်ငံရဲ့ ထိပ်သီးစာရင်းဝင် မင်းသမီးတစ်လက်ဖြစ်တဲ့ မင်းသမီးကြီး Gong Li ဟာ Mulan ရုပ်ရှင်ကားမှာ Disney ကအသစ်ထည့်လိုက်တဲ့ ဗီလိန်ကာရိုက်တာ အဖြစ်ပါဝင်သရုပ်ဆောင်သွားမှာပါ။

Lui Yi Fei, Gong Li, Donnie Yen နဲ့ ဂျက်လီတို့ ပါဝင်ကြမယ့် Mulan ရုပ်ရှင်ကားကြီးဟာဆိုရင် သမိုင်းကြောင်းခိုင်မာမှုနဲ့ နာမည်ကျော် သရုပ်ဆောင်များပါဝင်မှုကြောင့် စိတ်ဝင်စားစရာကောင်းနေပါပြီ။

Source-insider

(ပိုပိုလေး)



Follow us on