1. Home
  2. Movie Stars - Celebrity

Everly : Movie

Movie Stars - Celebrity ก.ย. 02, 2558 view 1,666

အက်ရှင် လျှို့ဝှက်သည်းဖို ဇာတ်ကားပါ။ လူဆိုးဂိုဏ်းခေါင်းဆောင်ခင်ပွန်းဟောင်းက လွတ်လိုက်တဲ့ လူသတ်သမားတွေကို ရင်ဆိုင်အနိုင်ယူခဲ့တဲ့ အမျိုးသမီးတစ်ယောက်အကြောင်း အဓိကသရုပ်ဖော်တင်ဆက်ထားပါတယ်။ ယာခုဇာ လိင်ကျွန်တစ်သီးအဖြစ် ၄နှစ်လောက်နေထိုင်ခဲ့ပြီးနောက် ခင်ပွန်းဟောင်းလွှတ်လိုက်တဲ့ လူသတ်သမားတွေကို ဇ၀နဥာဏ်နဲ့ရော လက်နက်နဲ့ပါရင်ဆိုင်တိုက်ခိုက်ပြီး မိခင်ဖြစ်သူနဲ့ သမီးတို့ကိုကယ်တင်ခဲ့တဲ့ အမျိုးသမီးအဖြစ် မင်းသမီးချော ဆဲလ်မာဟယက်က ပါဝင်ထားပါတယ်။ ထူးဆန်းတာ တစ်ခုကတော့ တစ်ဇာတ်လုံးကိုတိုက်ခန်းတစ်ခန်းထဲမှာ ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒါရိုက်တာ ဂျိုးလင့်ခ်ျ ရိုက်ကူးပြီး ဆဲလ်မာဟယက်နဲ့အတူ ဟီရိုယုကိဝါတာနာဘဲ၊ လော်ရာစီပီဒါတို့ ဦးဆောင်ပါဝင်ထားပါတယ်။



Follow us on