1. Home
  2. Myanmar News

ဆိုင်ကယ်ဖြင့် မိုင်ပေါင်း ၃၀၀၀၀ ကျော် ကမ္ဘာ ့ပတ်ခရီးစဉ်စတင်နေတဲ့ မြန်မာလူငယ်နှစ်ဦး ရုရှားကိုရောက်နေပြီ

Myanmar News ก.ค. 10, 2562 view 1,669
မြန်မာကနေ ဗြိတိန်နိုင်ငံထိ မိုင်ပေါင်း ၃၀၀၀၀ ကျော်ကို မော်တော်ဆိုင်ကယ်ဖြင့် ကမ္ဘာ ့ပတ်ခရီးစဉ် စတင်ခဲ့တဲ့ စိုင်းဇွမ်ဖနဲ့ ကိုအောင်ကျော်ဝင်းတို့နှစ်ဦးဟာ အခုဆိုရင် ရုရှားနိုင်ငံကို ဖြတ်နေပါပြီ လို့ သိရပါတယ်။ ကမ္ဘာ ့ပတ်ခရီးစဉ် စတင်ခဲ့တဲ့ Motourlogue ခရီးသွားနှစ်ဦးဟာ မေလ ၂၆ ရက်နေ့က ရန်ကုန်ကနေ စတင်ထွက်ခွာလာခဲ့တာဖြစ်ပြီး တစ်လခွဲနီးပါး ကြာမြင့်ချိန်မှာ မိုင်ပေါင်း ၁၀၀၀၀ ကျော် ခရီးပေါက်ခဲ့ပြီ ဖြစ်ပါတယ်။
 
Motourlogue အဖွဲ့ဝင်နှစ်ဦးဟာ မွန်ဂိုလီးယားနိုင်ငံထဲ ရက်သတင်း တပတ်ကျော် ဖြတ်သန်းမောင်းနှင်ပြီးနောက် ဇူလိုင်လ (၄)ရက်နေ့က ရုရှားနိုင်ငံ တောင်ပိုင်း Siberia ဒေသကို ရောက်ရှိလာတာဖြစ်ပါတယ်။ ရုရှားကနေ နော်ဝေနိုင်ငံကို ဖြတ်ချိန်မှာတော့ နော်ဝေရှိ မြန်မာမိသားစုတွေဘက်ကလည်း နွေးထွေးစွာ ကြိုဆိုသွားဖို့ ရှိတယ်လို့ သိရပါတယ်။

အခု ခရီးစဉ်အတွင်းမှာတော့ ထိုင်း၊ လာအို၊ တရုတ်၊ မွန်ဂိုလီးယား၊ ကာဂျစ္စတန် နိုင်ငံတို့ကို ဖြတ်သန်းလားခဲ့ပြီး ယခုအချိန်မှာ ရုရှားနိုင်ငံကိုရောက်ရှိနေတာ ဖြစ်ပါတယ်။ နောက် ဥရောပနိုင်ငံတွေထဲမှာတော့ ဖင်လန်၊ ဆွီဒင်၊ နော်ဝေ၊ ဂျာမနီ၊ နယ်သာလန်၊ ဘယ်လ်ဂျီယံနိင်ငံတွေကို လည်း ခရီးဆက်သွားဖို့ရှိတယ် လို့ သိရပါတယ်။

ကမ္ဘာ့နိုင်ငံပေါင်း ၃၀ ကျော်ကို ဖြတ်ပြီးတော့ မိုင်ပေါင်း ၃ သောင်းကျော်ကို ဆိုင်ကယ်စီးပြီး ခရီးနှင်မယ့် မြန်မာလူငယ် ၂ဦးရဲ့ မြန်မာ - အင်္ဂလန် ခရီးစဉ်ကတော့ အောက်တိုဘာ လကုန်ပိုင်းလောက်ထိ ကြာမြင့်မယ်လို့ ခန့်မှန်းထားပါတယ်။

သူတို့ မတိုင်ခင် ၁၉၅၅ခုနှစ်က ဦးဘတုတ်နဲ့ ဒေါ်တင်တင်စိန်တို့ စတင်ခဲ့တဲ့ မြန်မာကနေ ဥရောပနိုင်ငံတွေထိ မိုင်ပေါင်း ၅ သောင်းကျော် မော်တော်ဆိုင်ကယ်ခရီးရှည် မောင်းနှင်ခဲ့တာကို ဂုဏ်ပြုတဲ့အနေနဲ့ အခုခရီးစဉ်ကို စီစဉ်ခဲ့တာဖြစ်တယ်လို့ မော်တော်ဆိုင်ကယ်မောင်းသူတွေဖြစ်တဲ့ ကိုအောင်ကျော်ဝင်းနဲ့ စိုင်းဇွန်ဖ တို့က ပြောပါတယ်။

Motourlogue အဖွဲ့ဝင်နှစ်ဦးဟာ BMW အမျိုးအစား မော်တော်ဆိုင်ကယ်နဲ့ မောင်းနှင်တဲ့ ခရီးနှင်ခဲ့တာဖြစ်ပြီး ခရီးစဉ်အတွက် MPRL E&P စွမ်းအင်ကုမ္ပဏီကနေ အဓိက ပံ့ပိုးထားပါတယ်။

 



Follow us on