1. Home
  2. Movie Stars - Celebrity

Song of the Sea : Movie

Movie Stars - Celebrity ก.ย. 02, 2558 view 1,653

The Secret of Kells ဆိုတဲ့ကာတွန်းဇာတ်ကားကို အောင်မြင်မှုရအောင် ဖန်တီးနိုင်ခဲ့ပြီးဥရောပရဲ့ Studio Ghibli လို့ ပရိသတ်တွေရဲ့တင်စားခြင်းခံရတဲ့ အိုင်ယာလန်အခြေစိုက် Cartoon Saloon စတူဒီယိုရဲ့ ၄ကားမြောက်လက်ရာ Song of the Sea ကိုပွဲဦးထွက်အဖြစ် ၂၀၁၄ခုနှစ် တိုရွန်တို နိုင်ငံတကာ ရုပ်ရှင်ပြပွဲမှာ စတင်ပြသခဲ့ပြီး ရုံတင်ပြသမှုကိုတော့ ၂၀၁၄၊ ဒီဇင်ဘာလအတွင်းမှာ ပြုလုပ်ခဲ့ပါတယ်။ Cartoon Saloon ကိုတည်ထောင်ခဲ့တဲ့သူ၊ ပင်တိုင် ဒါရိုက်တာ တစ်ဦးလည်းဖြစ်တဲ့ အိုင်းရစ်လူမျိုး တွမ်မိုးကပဲ ဒါရိုက်တာအဖြစ်တာဝန်ယူရိုက်ကူးပေးထားတာဖြစ်ပြီး ဟယ်ရီပေါ်တာ ဇာတ်ကားတွေမှာ ဖီးနစ်အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်တဲ့ Mad-Eye အဖြစ် ပါဝင်ပေးထားတဲ့ ဘရန်ဒန်ဂလီဆန်တို့လို အိုင်းရစ် ၀ါရင့်သရုပ်ဆောင်တွေက အသံသရုပ်ဆောင်အဖြစ်ပါဝင်ပေးထားခဲ့ပါတယ်။

အိုင်းရစ် ရိုးရာပုံပြင်တွေကို အခြေခံထားတဲ့ ဒီကားတွန်းဇာတ်ကားဟာ ဝေဖန်ရေးဆရာတွေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကိုများစွာရရှိခဲ့ပြီး ၂၀၁၅ အော်စကာဆုပေးပွဲမှာ အကောင်းဆုံးကာတွန်းဇာတ်ကားအဖြစ် ဆန်ကာတင်စာရင်း ၀င်ခဲ့ပေမယ့် Disney ရဲ့ Hit ကာတွန်းရုပ်ရှင် Big Hero 6 ကိုရှုံးနိမ့်ခဲ့ပါတယ်။ ဂျပန်ရဲ့ နာမည်ကျော် Studio Ghibli ကိုနှစ်သက်တယ်လို့ပြောကြားခဲ့ဖူးတဲ့ တွမ်မိုရဲ့ ဒီဇာတ်ကားလေးဟာ Ghibli ရဲ့ဇာတ်ကားတွေလိုပဲ စိတ်ဝင်စားစရာကောင်းတာကို ပရိသတ်တွေမြင်တွေ့ကြရမှာပါ။



Follow us on