1. Home
  2. Special or Others

ငွေအကြပ်တည်းကြောင့် ဖော်ချွတ်ပုံတွေရောင်းခဲ့ရာမှ အကြပ်ကိုင်ခံနေရ

Special or Others ก.ค. 11, 2562 view 1,943
မလေးရှားနိုင်ငံမှ အမျိုးသမီးတစ်ဦးဟာ ငွေရေးကြေးရေး အခက်အခဲကြောင့် ကြံရာမရသည့်အဆုံး သူမရဲ့ အဖဖော်အချွတ်ပုံတွေကို WeChat App ပေါ်ကနေ ရောင်းစားခဲ့ရာ ငွေကြေးမရတဲ့အပြင် အကြပ်ကိုင်ငွေတောင်းခံနေရမှုတစ်ခုအတွက် အမှုဖွင့်လိုက်ပါတယ်။
 
အသက် ၂၃ နှစ်အရွယ် ‘လီ’ ဟုသူ ဖော်ပြထားတဲ့ အမျိုးသမီးဟာ ငွေကြေးပြဿနာကို မှားယွင်းစွာ အလွယ်လမ်းလိုက်ပြီး လူတွေမသိလောက်ဘူးဟု ယူဆကာ ဖြေရှင်းမိခဲ့တာကြောင့် အခက်ကြုံနေရပါတယ်။
 
ပြီးခဲ့တဲ့ ဇူလိုင် ၅ ရက်နေ့က WeChat ပေါ်မှာ ‘Ting’ ဆိုသည့် အမျိုးသမီးတစ်ဦးနဲ့ အဆက်အသွယ်ရခဲ့ပါတယ်။ ‘Ting’ က သူမကို ဖော်ချွတ်ပုံတွေကို ငွေကြေးနဲ့ဝယ်တယ်လို့ ဖြားယောင်းခဲ့ပါတယ်။
 
သူမရဲ့မျက်နှာပုံနဲ့ ခြေဖျားပိုင်း ပုံတစ်ပုံအတွက် မလေးရှားရင်းဂစ် ၃၅ (ကျပ် ၁၂၈၅၂)၊ ခြေဖျားနဲ့ တင်ပါးပုံ အတွက် ရင်းဂစ် ၈၀ (ကျပ် ၂၉၃၇၈)၊ ကိုယ်လုံးတီးချွတ်ပုံအတွက် ရင်းဂစ် ၅၀၀ (ကျပ် ၁၈၃၆၁၃) နဲ့ ကိုယ်လုံးတီဗီဒီယိုအတွက် ရင်းဂစ် ၁၀၀၀ (ကျပ် ၃၆၇၂၃၄) ပေးဝယ်မယ်လို့ ပြောခဲ့ပါတယ်။
 
 ဒီပုံတွေကို တရုတ်ပြည်က ညစ်ညမ်းဆိုက်တွေမှာသာတင်ပြီး မလေးရှားဆိုက်တွေမှာ မတင်ဘူးလို့ စည်းရုံးခဲ့ပါတယ်။ ဒီစကားတွေကို ယုံကြည်မိပြီးနောက် သူမရဲ့ ဓါတ်ပုံ ၂၀ နဲ့ ဗီဒီယို ၅ ခုတို့ကို ပေးပို့ခဲ့ပါတယ်။ အဲဒီအတွက် သူမရရန်ရှိတဲ့ ရင်းဂစ် ၁၅၀၀၀ (ကျပ် ၅၅ သိန်းကျော်) ကို တစ်ပြားမှ မရသေးပဲ နောက်ထပ် တစ်ကိုယ်ရေ အာသာဖြေတဲ့ ရုပ်သံကိုပါ ပေးပို့ရန် ထပ်တောင်းပါတယ်။
 
‘လီ’ က အခြေအနေကို သည်းမခံနိုင်တော့ပဲ ဒေါသနဲ့ တုံ့ပြန်တဲ့အခါ ‘Ting’ က ခြိမ်းခြောက်မှုတွေ လုပ်လာပါတယ်။ ရုပ်သံနဲ့ ဓါတ်ပုံတွေကို သူမရဲ့ ဆွေမျိုးမိဘနဲ့ မိတ်ဆွေ အသိုင်းအဝိုင်းတွေဆီ ပို့မယ်လို့ ခြိမ်းခြောက်ခဲ့ပြီး သူမဆီကနေ ရင်းဂစ် ၈၀၀ (ကျပ် ၂၉၃၇၈၀) အကြပ်ကိုင် ပြန်တောင်းနေပါတယ်။ ဒီပိုက်ဆံတွေကို သူမ မပေးနိုင်ကြောင်း ပြောတဲ့အခါမှာတော့ ပြည့်တန်ဆာ လုပ်ကိုင်ဖို့ သူစီစဉ်ပေးမယ်လို့ ပြောလာပါတယ်။
 
 
နောက်ဆုံးမှာတော့ ‘လီ’ ဟာ မလေးရှားနိုင်ငံက လူမှုရေးပြသနာတွေကို ဖြေရှင်းပေနေတဲ့ MCA ရဲ့ ဦးဆောင်သူ Datuk Seri Michael Chong ကို အကူညီတောင်းခံရပါတော့တယ်။ အခုလို လုပ်ရပ်တွေအားလုံးဟာ သူမရဲ့မိသားစုအတွက် လုပ်ရင်း မှားယွင်းခဲ့တာဖြစ်ကြောင်း၊ ငွေကြေးပြသနာပြေလည်ဖို့ပဲ ဦးစားပေးပြီး အခြားအရာတွေ အများကြီး မစဉ်းစားမိခဲ့ဘူးလို့ ဝန်ခံခဲ့ပါတယ်။
 
လက်တလောမှာတော့ ဒီအမှုကို Datuk Seri Michael Chong က ကိုင်တွယ်ဖြေရှင်းပြီး အမှုမှန်ပေါ်အောင် ကြိုစားနေကြောင်း The Star သတင်းတွင် ဖော်ပြပါရှိသည်။

 



Follow us on