1. Home
  2. Movie Stars - Celebrity

ရေသူမလေး Ariel လို 'Part of your world' သီချင်းကို အပီအပြင်ဆိုပြသွားတဲ့ Red Velvet's Joy

Movie Stars - Celebrity ก.ค. 12, 2562 view 1,990

တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော် Kpop အဆိုတော် အဖွဲ့ Red Velvet မှ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Joy ဟာဆိုရင် idol အဆိုတော် တစ်ယောက်လဲဖြစ်သလို ပရိတ်သတ်ချစ်ခင်တဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်လဲဖြစ်ပါတယ်။ အဆိုတော် တစ်ယောက်အနေနဲ့ အဆို၊အက မှာ ပြီးပြည့်စုံသလို သရုပ်ဆောင်ကောင်းတစ်ယောက်အနေနဲ့လဲ အကောင်းဆုံးဖြစ်အောင် ကြိုးစားသူလေးပါ။ လတ်တလော Joy ဟာ Disney ကာတွန်းဇာတ်ကောင်တွေထဲက နာမည်ကျော် ရေသူမလေး Ariel သီဆိုထားတဲ့ Part of your world သီချင်းကို cover song အဖြစ်ပြန်လည် သီဆိုထားပါတယ်။ Joy တစ်ယောက် ဘယ်လို သီဆိုသွားတယ်ဆိုတာသိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

ပြီးခဲ့တဲ့ နှစ်တွေမှာ Joy ကိုပရိတ်သတ်တွေက Disney ကာတွန်းကားထဲက မင်းသမီးလေးတစ်ယောက်ယောက်နဲ့တူတယ်လို့ တင်စားခဲ့ကြပေမယ့် ဘယ်သူနဲ့ တူတယ်ဆိုတာကိုတော့ မှတ်ချက်မချနိုင်ခဲ့ကြပါဘူး။ သေချာပါတယ် ဆံပင် အနီရောင်နဲ့ လိုက်ဖက်လွန်းတဲ့ Joy ဟာ Disney ကာတွန်းထဲက ရေသူမလေး Ariel နဲ့ တူနေတာပါပဲ။

ဒါ့အပြင် Joy ဟာ သူမ အင်စတာဂရမ် အကောင့်မှတစ်ဆင့် Part of your world သီချင်းကို သီဆိုထားတဲ့ ဗွီဒီယိုကိုဝေမျှခဲ့ပြီး Ariel နဲ့ ရုပ်ချင်း ဆင်တာတင်မဟုတ်ပဲ အသံအနေအထားကပါ ထပ်တူကျနေတာကို တွေ့ရမှာပါ။ Joy တစ်ယောက် Part of your world သီချင်းကို အပီအပြင် ဘယ်လိုသီဆိုသွားတယ်ဆိုတာ အောက်ပါ ဗွီဒီယိုမှာ ပိုပိုလေးနဲ့အတူ နားဆင်လိုက်ကြရအောင်>>

Source-koreaboo

(ပိုပိုလေး)

 



Follow us on