တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော် အဆိုတော်၊ သရုပ်ဆောင် IU ဟာဆိုရင် ချစ်ဖို့ကောင်းတဲ့ မင်းသမီးချောလေး Yoo In Na နဲ့ ပြင်ပမှာ ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေဖြစ်ကြပါတယ်။ လက်ရှိမှာ IU ဟာ Hotel Del Luna ဇာတ်လမ်းတွဲရိုက်ကူးနေတာဖြစ်ပြီး Yoo Inna မှ သူမအတွက် food truck အကြီးစားကြီးကို ပို့ဆောင်ပေးလိုက်ပါတယ်။ Yoo In Na ပို့ဆောင်ပေးတာနဲ့ ပတ်သတ်ပြီး IU တစ်ယောက် ဘယ်လိုတုန့်ပြန်လာတယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<
IU ကလဲ Yoo Inna ပေးပို့လိုက်တဲ့ food truck နဲ့ ဓာတ်ပုံများကို သူမရဲ့ အင်စတာဂရမ်မှာ ဝေမျှခဲ့ပါတယ်။ Yoo In Na ပေးပို့လိုက်တဲ့ အရသာရှိတဲ့ စားကောင်း သောက်ဖွယ်များကြောင့် Hotel Del luna ရိုက်ကူးရေးက ဝန်ထမ်းတွေ အင်အားအပြည့်နဲ့ အလုပ်တွေကို ဆက်လက်လုပ်ဆောင်နိုင်ကြောင်း IU က သူမ အင်စတာဂရမ် စာမျက်နှာမှ တစ်ဆင့် အသိပေးလိုက်ပါတယ်။
IU နဲ့ Yoo In Na ဟာ အနုပညာလောကမှာ ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းများဖြစ်ကြပြီး Valentine’s day လိုနေ့မျိုးမှာတောင် ဒိတ်လုပ်ခဲ့ကြပါသေးတယ်။ သူမတို့ နှစ်ယောက်ကြားက ညီအစ်မလို၊ သူငယ်ချင်းလိုဆက်ဆံရေးက ချစ်ဖို့ကောင်းနေတော့တာပါပဲ။
Ref:koreaboo
(ပိုပိုလေး)