1. Home
  2. Movie Stars - Celebrity

bra ဝတ်ပြီးလေဆိပ်သွားခဲ့ရာ ဝေဖန်ခံရတာကြောင့် bra မဝတ်ပဲ ပြန်သွားပြခဲ့တဲ့ Hwasa

Movie Stars - Celebrity ก.ค. 12, 2562 view 1,859

တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော် Kpop အဆိုတော်အဖွဲ့ mamamoo ဟာဆိုရင် အဖွဲ့ဝင် တစ်ဦးချင်းစီရဲ့ တစ်မူထူးခြားတဲ့ talents တွေကြောင့် အောင်မြင်ကျော်ကြားနေတဲ့အဖွဲ့တစ်ဖွဲ့ပဲဖြစ်ပါတယ်။ Mamamoo မှ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Hwasa ဟာ ပြီးခဲ့တဲ့ရက်ပိုင်းအနည်းငယ်က လေဆိပ်မှာ bra တစ်မျိုးတည်းသာ ဝတ်ဆင်ခဲ့တာကြောင့် လူထုပရိတ်သတ်ရဲ့ ဝေဖန်ရှုံ့ချမှုကိုခံခဲ့ရပါတယ်။ အခုလို ဝေဖန်ရှုံ့ချတဲ့ လူထုပရိတ်သတ်ကို Hwasa အနေနဲ့ ဘယ်လို တုန့်ပြန်လိုက်တယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

Hwasa ဟာ အပေါ်ပိုင်းအင်္ကျီမပါပဲ bra တစ်မျိုးထဲကို ဝတ်ဆင်ခဲ့ပါတယ်။

ထို့နောက် ပြည်သူလူထု ပရိတ်သတ်တွေက Hwasa ကို အင်တာနက်မှာ ရှုံ့ချပြောဆိုလာကြပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်နေ့မှာ Hwasa ကို လေဆိပ်မှာ Bra မဝတ်ပဲ မြင်တွေ့ခဲ့ရပါတယ်။ Hwasa ဟာ စပို့ရှပ်ကို ဝတ်ဆင်ထားပေမဲ့ အတွင်းခံ bra မဝတ်ဆင်ပဲ လူရှေ့ထွက်ပြခဲ့ပါတယ်။

Hwasa ကိုထောက်ခံအားပေးတဲ့ အမျိုးသမီး ပရိတ်သတ်တွေလဲရှိသလို ရှုံ့ချသူတွေကလဲ ရှိနေဆဲပါ။

“ဒါက သူ့လွတ်လပ်ခွင့်ပါ သူဝတ်ချင်တာ ဝတ်ခွင့်ရှိတယ်”

“မိန်းကလေးတွေလဲ bra မဝတ်ပဲ လွတ်လပ်စွာသွားလာနိုင်တာပဲ”

အစရှိသဖြင့် အင်တာနက်မှာ ပြောလာကြပါတယ်။

Ref:koreaboo

(ပိုပိုလေး)



Follow us on