1. Home
  2. Movie Stars - Celebrity

Hotel Del Luna ရဲ့ ပထမဦးဆုံးအပိုင်းမှာတင် ပရိတ်သတ်ကို အရည်ပျော်ကျသွားစေတဲ့ IU ရဲ့ သရုပ်ဆောင်ကွက်များ

Movie Stars - Celebrity ก.ค. 15, 2562 view 1,667

တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော် အဆိုတော်၊ သရုပ်ဆောင် IU ဟာဆိုရင် အသံပါဝါအားကောင်းတဲ့ အဆိုတော်တစ်ယောက်ဖြစ်ရုံသာမက သရုပ်ဆောင်ပိုင်းမှာလဲ ထူးချွန်ထက်မြက်သူလေးပဲဖြစ်ပါတယ်။ IU ဟာ လတ်တလော tvN ရုပ်သံလိုင်းက ထုတ်လွှင့်ပြသတဲ့ Hotel Del Luna ဇာတ်လမ်းတွဲမှာ အဓိကဇာတ်ဆောင် Manwol အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ပထမဦးဆုံး ထုတ်လွှင့်တဲ့အပိုင်းမှာတင် IU တစ်ယောက် ပရိတ်သတ်တွေကို ကြွေကျသွားအောင် ဘယ်လိုသရုပ်ဆောင်သွားတယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

Hotel Del Luna ဇာတ်လမ်းတွဲဟာ သဘာဝလွန် ဇာတ်လမ်းတွဲဖြစ်ပြီး အဓိကဇာတ်ဆောင်များအနေနဲ့ Yeo Jin Goo, Mina , P.O , Jeong geun-shin, Jung Dong Hwan တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဒီဇာတ်ကားမှာ IU ဟာ Manwol အမည်ရတဲ့ ဟိုတယ်ပိုင်ရှင်သူဌေးမလေး အဖြစ် ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး Yeo Jin Goo ကတော့ သရဲတွေကို မြင်နိုင်တဲ့ ရှေ့နေတစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

Manwol အမည်ရတဲ့ ဟိုတယ်ပိုင်ရှင် သူဌေးမလေးဟာ နှစ်တစ်ထောင်ရှင်သန်သူအဖြစ်ကျန်ရှိနေပြီး သူ့ထက်ကြီးမားတဲ့ ပြစ်ဒဏ်မျိုး ကျူးလွန်လာတဲ့လူ ရှိမှသာ ဒီကမ္ဘာလောကကြီးက သေဆုံးသူအဖြစ် လွှတ်မြောက်နိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ Manwol ဟာ ကိုယ်တိုင် ကျူးလွန်ခဲ့တဲ့ ပြစ်မှုကို မမှတ်မိနိုင်တာကြောင့် နှစ်တစ်ထောင်ကျော်ကြာ ရှင်သန်သူအဖြစ် ကျန်ရှိနေတာပဲဖြစ်ပါတယ်။

Manwol တစ်ယောက် နှစ်တစ်ထောင်ကျော် ကြာပြီး သူမကျူးလွန်ခဲ့တဲ့ ပြစ်မှုကို ရှာဖွေတွေ့ရှိနိုင်မလား ဒါမှမဟုတ် ထာဝရ ရှင်သန်သူအဖြစ်ပဲ ဆက်လက်တည်ရှိနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။ လက်ရှိမှာ Hotel Del Luna ဇာတ်ကားဟာ ၂ ပိုင်းသာ လွှင့်ရသေးပေမယ့် မင်းသား ဆောင်းဂျွန်ကီ ပါဝင်တဲ့ Arthdal Chronicle ထက် ကြည့်ရှုနှုန်း ကျော်တက်သွားပြီပဲဖြစ်ပါတယ်။

Hotel Del Luna ရဲ့ ပထမအပိုင်းမှာတင် IU ရဲ့ ထူးခြားဆန်းပြားတဲ့ သဘာဝလွန် သရုပ်ဆောင်မှုတွေကြောင့် ပရိတ်သတ်အများ အရည်ပျော်ကျခဲ့ရပါတယ်။

Ref:koreaboo

(ပိုပိုလေး)



Follow us on