တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော် မင်းသမီးတစ်လက်ဖြစ်တဲ့ Suzy ဟာ ဆိုရင် Dream High ဇာတ်ကားနဲ့အတူ မြန်မာပရိတ်သတ်နဲ့ သိပ်မစိမ်းတဲ့ အဆိုတော်၊ သရုပ်ဆောင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ Suzy ဟာလတ်တလော Gangnam Style သီချင်းအဆိုရှင် Psy ရဲ့ သီချင်းအသစ်မှာ ပါဝင်သရုပ်ဆောင်ထား ကြောင်း Psy ကိုယ်တိုင် ထုတ်ဖော်ပြောကြားလိုက်ပြီပဲဖြစ်ပါတယ်။ Suzy တစ်ယောက် Psy ရဲ့ အသစ်ထွက်ရှိမယ့် သီချင်းဗွီဒီယိုမှာ ဘယ်လို သရုပ်ဆောင်ထားတယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<
နိုင်ငံရဲ့ မိန်းမပျို အချောအလှလေးလို့ တင်စားခေါ်ဝေါ်ကြရတဲ့ Suzy ဟာ Psy ရဲ့ အသစ်ထွက်ရှိမယ့် ‘Celeb’ မှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ Suzy ပါဝင်သရုပ်ဆောင်ထားတဲ့ ‘Celeb’ သီချင်း ဗွီဒီယို fancam ကိုအောက်ပါအတိုင်း ဆက်လက်ကြည့်ရှုလိုက်ရအောင်။
Gangnam Style သီချင်းနဲ့ ကမ္ဘာကျော်လာတဲ့ အဆိုတော် Psy ဟာ kpop လောကမှာ နာမည်ကျော် idol အဆိုတော်များဖြစ်တဲ့ HyunA , Apink အဖွဲ့ဝင် Naeun တို့ကိုလဲ ထွက်ရှိပြီးသား သူ့သီချင်းတွေမှာ ပါဝင်သရုပ်ဆောင်စေခဲ့ပါတယ်။ Psy ရဲ့ သီချင်းတိုင်းလိုလို မအောင်မြင်တဲ့ သီချင်းဆိုတာ မရှိသလောက်ပဲမို့ အခုထွက်ရှိလာမယ့် Celeb ကလဲ စိတ်ဝင်စားစရာပါပဲ။
သို့ပေမဲ့ Psy ဟာ လတ်တလော YG Entertainment ရဲ့ CEO ဟောင်း Yang Hyunsuk နဲ့ ပူးပေါင်းပြီး လူကုံထံသူဌေးများအတွက်အပျော်မယ် ရှာပေးသူ အဖြစ် ပါဝင်ပတ်သတ်နေတာကြောင့် Suzy ရဲ့ ပရိတ်သတ်များက စိုးရိမ်ပူပန်နေကြပါတယ်။
Psy ဟာ တရားရုံးမှာ အပျော်မယ်ရှာပေးမှုနဲ့ပတ်သတ်ပြီး ရုံးတင်စစ်ဆေးခံခဲ့ရပါတယ်။ Psy ရဲ့ သီချင်းအသစ် Celeb ကတော့ ဒီလအတွင်းထွက်ရှိမယ်လို့ koreaboo မှာ ဖော်ပြထားပါတယ်။
(ပိုပိုလေး)