1. Home
  2. Myanmar News

ဗစ်တိုးရီးယား အမှုနဲ့ပါက်သတ်ပြီး ပထမဆုံးရုံးချိန်းကို စတင်စစ်ဆေး

Myanmar News ก.ค. 15, 2562 view 1,483
ယနေ့ ဇူလိုင်လ ၁၅ ရက်နေ့မှာ ဗစ်တိုးရီးယား အမှုနဲ့ပါက်သတ်ပြီး ပထမဆုံး ရုံးချိန်ကို ဒက္ခိဏခရိုင်တရားရုံးမှာ စတင်ခေါ်ယူစစ်ဆေးခဲ့ပါတယ်။ တရားခွင်ကြားနာ စစ်ဆေးမှု မပြုလုပ်ခင်မှာ လာရောက်စောင့်ကြည့် လေ့လာတဲ့ ပြည်သူအများအပြားရှိခဲ့ပါတယ်။
 
အမှုစစ်ဆေးတဲ့နေ့မှာ တရားရုံးအနေနဲ့ ဒေသခံတွေလာရောက်နားထောင်နိုင်ဖို့ လူ (၅၀) ခန့်စာ ပြင်ဆင်ထားတယ်လို့ ကိုအောင်ကြီး ခေါ် ယာဉ်မောင်းကိုအောင်ကျော်မျိုး ရဲ့ ရှေ ့နေ  ဦးခင်မောင်ဇော်က ပြောပါတယ်။

ပထမဆုံး ရုံးချိန်နေ့မှာတော့ အခြားသက်သေတွေကို စစ်ဆေးခြင်းမပြုသေးဘဲ ဥပဒေနဲ့ဆိုင်တဲ့ အချက်အလက်တွေ တင်ပြတာ ၊ ရှေ ့နေပါဝါ ယူတာမျိုးတွေကိုပဲ ပြုလုပ်တယ်လို့ ဆိုပါတယ်။ နောက် ရုံးချိန်းတွေမှာတော့ တရားသူကြီး ဘယ်နှစ်ယောက်ထိုင်ရမလဲ ၊ သက်သေ ဘယ်နှစ်ယောက် တင်ရမလဲဆိုတာကို သိရမှာဖြစ်တယ်လို့ ရှေ ့နေ  ဦးခင်မောင်ဇော်က ပြောပါတယ်။

ပထမဆုံး ရုံးချိန်နေ့မှာ စွပ်စွဲခံရသူ အောင်ကြီး၏ ဖခင်က “ ရဲက ပထမတစ်ခေါက် စစ်တဲ့အချိန် တည်းက သူမဟုတ်ဘူး။ သူမတရားခံရတဲ့အကြောင်း ကျွန်တော်တို့ကို ပြောပါတယ်။ ပထမတစ်ခါဖမ်းပြီး ပြန်လွှတ်ပြီးမှ ပြန်ဆွဲတယ်ဆိုတော့ CCTV အရကော ကျွန်တော့်သား ဟုတ်တယ် ၊ မဟုတ်ဘူးဆိုတာ ပြည်သူလူထုက သိပါတယ်။ မီဒီယာကော ပြည်သူတွေကိုကော မဟုတ်တဲ့အတွက် ကျွန်တော်တို့ဘက်ကရပ်တည်ပေးပါလို့ ” ပြောပါတယ်။

ဗစ်တိုးရီးယား အမှု နဲ့ပါက်သတ်ပြီး ပထမဆုံး ရုံးချိန်ကို ယနေ့ မနက် ၁၀ နာရီမှာ စတင်ခဲ့ပြီး ဒုတိယအကြိမ်မြောက် ရုံးချိန်ကိုတော့ လာမည့် ဇူလိုင် ၂၄ ရက်နေ့ကို ချိန်းဆိုခဲ့ကြောင်း သိရပါတယ်။



Follow us on