1. Home
  2. Movie Stars - Celebrity

သရုပ်ဆောင် Kang Ji Hwan ရဲ့ အကြမ်းဖက်စော်ကားမှုကိုခံခဲ့ရတဲ့ မိန်းကလေးရဲ့ ဖွင့်ဆိုချက်

Movie Stars - Celebrity ก.ค. 15, 2562 view 1,501

တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော် ဇာတ်လမ်းတွဲသရုပ်ဆောင် Kang Ji Hwan ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်နေ့မှာ လုပ်ဖော်ကိုင်ဖက် အမျိုးသမီးနှစ်ဦးကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ Gwangju ရဲစခန်းမှာ အမှုဖွင့်စစ်ဆေးလာပါတယ်။ Kang ဟာ အမျိုးသမီးနှစ်ယောက်ထဲက တစ်ယောက်ကို မုဒိမ်းကျင့်ခဲ့ပြီးနောက်တစ်ယောက်ကို လိင်ပိုင်းဆိုင်ရာ ထိတွေ့စော်ကားတာမျိုး ကျူးလွန်ခဲ့ပါတယ်။ Kang ကတော့ သူ့ကိုယ်တိုင် အရက်သောက်ပြီးတဲ့ အချိန်ထိသာ မှတ်မိကြောင်း၊ ကျန်တဲ့ တခြားသော အကြောင်းအရာများကို မမှတ်မိတော့ကြောင်း ထွက်ဆိုထားပါတယ်။ Kang Ji Hwan စော်ကားတာကို ခံလိုက်ရတဲ့ မိန်းကလေးရဲ့ ဖွင့်ဆိုချက်က ဘယ်လိုဖြစ်မယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

Kang Ji Hwan စော်ကားတာကို ခံခဲ့ရတဲ့ အမျိုးသမီးနှစ်ယောက်မှ A ဟာရဲစခန်းကို ၁၃ ကြိမ်တိတိဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းလိုင်းမမိတာကြောင့် ခေါ်ဆို၍မရနိုင်ကြောင်း ထွက်ဆိုလာပါတယ်။ Kang Ji Hwan စော်ကားတာခံရတဲ့ အမျိုးသမီးနှစ်ဦးဟာ အရက်သောက်ပြီး Kang Ji Hwan ရဲ့ နေအိမ်ကို ရောက်ရှိလာကြတာပဲဖြစ်ပါတယ်။

ကံကောင်းထောက်မစွာ A ဟာ Kang Ji Hwan အိမ်အနီးအနားမှာ wifi မိနေတာကို သတိပြုမိပြီး လူမှုကွန်ယက်မှ တစ်ဆင့် သူငယ်ချင်းဖြစ်သူကို မက်ဆေ့ခ်ျပို့နိုင်ခဲ့ပါတယ်။ A ပို့ခဲ့သော မက်ဆေ့ခ်ျမှာ “ငါတို့ အရက်မူးပြီး Kang Ji Hwan အိမ်မှာရောက်နေတယ် ဒုက္ခတော့များကုန်ပြီ” ဆိုပြီး ပို့ခဲ့ပါတယ်။

လူမှုကွန်ယက် အင်တာနက်မှတစ်ဆင့် မက်ဆေ့ခ်ျရရှိသွားတဲ့ သူငယ်ချင်းဖြစ်သူ တိုင်ကြားချက်အရ ရဲစခန်းဟာ A ရဲ့ ဖုန်းနံပါတ်ကို ခေါ်ဆိုကြည့်ပေမဲ့ ဆက်သွယ်လို့မရနိုင်ကြောင်း သိရှိရပါတယ်။ Kang Ji Hwan ဟာ နေအိမ်မှာ ဖုန်းလိုင်းမမိအောင် လုပ်ထားကြောင်း ရဲဌာနမှ ထုတ်ဖော်ပြောကြားသွားပါတယ်။

လက်ရှိမှာ သရုပ်ဆောင် Kang Ji Hwan ကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ ရုံးတော်မှာ ဆက်လက်စစ်ဆေးသွားမှာဖြစ်ပါတယ်။

Ref:allkpop

(ပိုပိုလေး)



Follow us on