1. Home
  2. Movie Stars - Celebrity

နစ်နာသူမိန်းကလေးထံ မက်ဆေ့ခ်ျပို့ပြီး တောင်းပန်ခဲ့တဲ့ Kang Ji Hwan

Movie Stars - Celebrity ก.ค. 17, 2562 view 1,485

တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော်ဇာတ်လမ်းတွဲသရုပ်ဆောင် Kang Ji Hwan ဟာလုပ်ဖော်ကိုင်ဖက် မိန်းကလေး နှစ်ဦးကို ကာမစော်ကားမှုနဲ့ Gwanji ရဲစခန်းမှ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံထားရတာပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁၆ One Night of Entertainment သတင်းထုတ်ပြန်ချက်အရ Kang Ji Hwan ဟာ နစ်နာသူ တရားလိုမိန်းကလေး ထံ မက်ဆေ့ခ်ျပို့ခဲ့ကြောင်း သိရှိရပါတယ်။ Kang Ji Hwan ပို့ခဲ့တဲ့ မက်ဆေ့ခ်ျက ဘာဖြစ်မယ်ဆိုတာ သိရှိဖို့ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

သရုပ်ဆောင် Kang Ji Hwan နဲ့ နစ်နာသူ မိန်းကလေး နှစ်ယောက်ဟာ လုပ်ငန်းခွင်မှာ ခင်မင်ရင်းနှီးသူများဖြစ်ကြပါတယ်။ သူတို့ သုံးယောက် စတင်ခင်မင်ခဲ့တာကတော့ ပြီးခဲ့တဲ့ ဧပြီလ Kang Ji Hwan Huayi Brothers ကုမ္ပဏီနဲ့ စာချုပ်ချုပ်ဆိုခဲ့တဲ့ အချိန်ဖြစ်ပါတယ်။

Kang Ji Hwan ဟာ နစ်နာသူ A ကို အောက်ပါအတိုင်း မက်ဆေ့ခ်ျပို့ခဲ့ပါတယ်။

“ငါတကယ်ပဲလုပ်ခဲ့သလား? ဒီကိစ္စအမှန်ပဲဆိုရင်တော့ ထောင်ထဲဝင်ပြီး ပြစ်ဒဏ်ခံယူဖို့တန်တာပေါ့” ဆိုပြီး မက်ဆေ့ခ်ျ စာတစ်စောင်ပေးပို့ခဲ့ပါတယ်။

Kang Ji Hwan ဟာ ဇူလိုင် ၉ ရက်နေ့မှာ ရဲစခန်းမှ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ၁၂ ရက်နေ့မှာ ဖြစ်ပျက်ခဲ့သမျှ ကိစ္စတွေအတွက်တောင်းပန်ကြောင်း၊ အမှုကိုလဲ တရားဥပဒေအတိုင်း ဆက်လက်ဖြေရှင်းသွားမည်ဖြစ်ကြောင်း  ပြောကြားခဲ့ပါတယ်။

Kang Ji Hwan ဟာ နစ်နာသူA နဲ့ B နှစ်ယောက်ထဲက တစ်ယောက်ကို မုဒိမ်းကျင့်စော်ကားခဲ့ပြီး တစ်ဦးကိုတော့ ကာမထိတွေ့ခဲ့ကြောင်း တရားလိုဘက်မှ ထွက်ဆိုထားပါတယ်။ Kang Ji Hwan အနေနဲ့ ထိုနေ့က အကြောင်းအရာများကို အရက်သောက်တဲ့အချိန်ထိသာ မှတ်မိကြောင်း ထွက်ဆိုထားပြီး Kang Ji Hwan ရဲ့ ရှေ့နေဘက်ကတော့ မှုခင်းဖြစ်ပွားချိန်မှာ Kang Ji Hwan အရက်မသောက်ထားကြောင်း ထွက်ဆိုထားပါတယ်။ဒီကိစ္စဟာ လုပ်ကြံမှုလား၊ အမှန်တကယ်လားဆိုတာ ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref:allkop

(ပိုပိုလေး) 



Follow us on