မြန်မာပရိတ်သတ်တွေ ‘K’ လို့သိကြတဲ့ မင်းသားလီဂျွန်ကီဟာ လတ်တလော tvN ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသနေတဲ့ Hotel Del Luna ဇာတ်လမ်းတွဲမှာ ဧည့်သည်သရုပ်ဆောင်အဖြစ်ပါဝင်သွားမှာဖြစ်ပါတယ်။ Hotel Del Luna ဇာတ်ကားမှ အဓိကဇာတ်ဆောင် မင်းသမီး IU ဟာ K နဲ့အတူ Moon Lovers မှာ ပါဝင်သရုပ်ဆောင်ခဲ့တာကိုပရိတ်သတ်ကြီး သတိထားမိမှာပါ။ K တစ်ယောက် Hotel Del Luna ဇာတ်ကားမှာ ဧည့်သည်သရုပ်ဆောင်အနေနဲ့ ပါဝင်ဖို့ ဘယ်လို ဆုံးဖြတ်ချက်ခဲ့တယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<
လီဂျွန်ကီ Hotel Del Luna မှာ ပါဝင်မယ့်အကြောင်းကို Namoo actors မှ ထုတ်ပြန်ချက်>>
“သရုပ်ဆောင် လီဂျွန်ကီဟာ Hotel Del Luna ရဲ့ အပိုင်း ၃ မှာ ဧည့်သည်သရုပ်ဆောင်အဖြစ်ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်”
Hotel Del Luna ရိုက်ကူးရေး အဖွဲ့အစည်းမှထုတ်ပြန်ကြေညာချက်>>
“လီဂျွန်ကီဟာ ခင်မင်ရတဲ့ IU ကြောင့် Hotel Del Luna အပိုင်း ၃ မှာ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။”
IU နဲ့ K တို့ဟာ ၂၀၁၆ ၊ Moon Lovers မှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး လက်ရှိအချိန်ထိ အခင်မင်မပြတ်သူများဖြစ်ပါတယ်။ တစ်ယောက်ရဲ့ fan meeting ကိုတစ်ယောက်က ဧည့်သည်အနေနဲ့ တက်ရောက်လာတာမျိုး Knowing brothers ကို တူတူသွားကြတာမျိုးတွေ လုပ်ရတဲ့အထိ ရင်းနှီးတဲ့ဆက်ဆံရေးပါ။ K တစ်ယောက် IU ကြောင့် Moon Lovers မှာ ပါဝင်သရုပ်ဆောင်တာဟာ IU ကို support ပေးဖို့ဆိုတာ သိသာထင်ရှားလှပါတယ်။
Ref:koreaboo
(ပိုပိုလေး)