1. Home
  2. Movie Stars - Celebrity

ရုတ်တရက်ဆိုသလို မင်္ဂလာသတင်းစကားပါးလိုက်တဲ့ အဆိုတော်ဇွဲပြည့်

Movie Stars - Celebrity ก.ค. 18, 2562 view 1,684

အဆိုတော်ဇွဲပြည့်ကိုတော့ ပရိသတ်ကြီးက “အပြည်ပြည်ဆိုင်ရာ အသည်းကွဲသောနေ့” ဆိုတဲ့ အသဲကွဲသီချင်းလေးနဲ့ စတင်သိရှိခဲ့ကြတာဖြစ်ပြီး ထိုသီချင်းလေးက အသည်းကွဲသမားတွေတိုင်းရဲ့ ပါးစပ်ဖျားမှာ ကြိုက်နှစ်သက်ဆိုညည်းဖူးကြတဲ့သီချင်းလေးတစ်ပုဒ်ပါ။ နားဝင်ချိုတဲ့ အသံအေးအေးလေးနဲ့ သီချင်းသံစဉ်တွေကို ဖန်တီးသီဆိုတတ်တဲ့ ဇွဲပြည့်ကတော့ ပရိသတ်ကြီးဆီကို သတင်းကောင်းလေးတစ်ခုပါးလိုက်ပါပြီ။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

အဲ့တာကတော့ အဆိုတော်ဇွဲပြည့်တစ်ယောက် သူ့ရဲ့ချစ်သူနဲ့အတူ ရွှေလက်တွဲတော့မယ်ဆိုတဲ့ မင်္ဂလာသတင်းလေးပဲဖြစ်ပါတယ်။ အချစ်ရေးနဲ့ပတ်သက်ပြီး သိုသိုသိပ်သိပ်နဲ့ ပရိသတ်တွေကို အတိအလင်းချပြထားခြင်းမရှိတဲ့ ဇွဲပြည့်ကတော့ ရုတ်တရက်ဆိုသလို မင်္ဂလာသတင်းကိုထုတ်ပြောလိုက်တာပါ။ ဇွဲပြည့်ကတော့ ချစ်သူဖြစ်သူ မဇာလီမိုးနဲ့အတူ မနက်ဖြန် ဇူလိုင်လ (၁၉) ရက်နေ့ အာဇာနည်နေ့မှာ ချစ်သက်တမ်းတစ်ဆင့်တိုးလို့ မင်္ဂလာမောင်နှံအဖြစ် ဧည့်ခံပွဲကိုကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

လက်ထပ်မင်္ဂလာအခမ်းအနားကိုတော့ ပြင်ဦးလွင်မြို့ရှိ “ပြင်ဦးလွင်မြို့တော်ခန်းမ” မှာ နှစ်ဖက်သောမိဘဆွေမျိုးများ၊ မိတ်ဆွေအပေါင်းအသင်းများဖြင့် စည်စည်ကားကားကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဇွဲပြည့်ကို ချစ်ကြတဲ့ပရိသတ်ကြီးက မနက်ဖြန်မှာ လက်ထပ်မင်္ဂလာပွဲကျင်းပတော့မယ့် အဆိုတော်ဇွဲပြည့်အတွက် ကြိုတင်မင်္ဂလာဂုဏ်ပြုစကားလေးတွေ ဆိုခဲ့ပါဦးနော်…

 

(ပိုပိုလေး)



Follow us on