1. Home
  2. Football

အိမ်ကွင်းတွင် ဆူပူမှုများကြောင့် ရှမ်း ယူနိုက်တက်အသင်းကို ဒဏ်ကြေးငွေကျပ် ၁၀ သိန်း ချမှတ်

Football ก.ค. 18, 2562 view 1,703

MPT Myanmar National League 2019 ပွဲစဉ် (၁၆) အဖြစ် ဇူလိုင်လ ၁၄ ရက်က ကစားခဲ့တဲ့ ရှမ်းယူနိုက်တက်အသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်းတို့ ပွဲစဉ်မှာ အရှေ့ ဘက် ပွဲကြည့်စင်တန်းမှ ခဲလုံး ၊ အရက်ပုလင်းပြားများ ၊ သစ်သား အပိုင်းအစများဖြင့် ကွင်းအတွင်းတွင် ပစ်ပေါက်မှုများ ပြုလုပ်ခဲ့သော်ကြောင့် စည်းကမ်းထိန်းသိမ်းရေးမှ အိမ်ရှင် ရှမ်း ယူနိုက်တက် အသင်းကို ဒဏ်ကြေးငွေကျပ် ၁၀ သိန်း ပြစ်ဒဏ်ချမှတ်လိုက်တယ်လို့ သိရပါတယ်။

ထို့ကြောင့် ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ စည်းကမ်းထိန်းသိမ်းရေး ကော်မတီသည် အစည်းအဝေးပြုလုပ်၍ တာဝန်ကျ ဒိုင်လူကြီးများအား ခေါ်ယူမေးမြန်းခြင်း၊ ပြိုင်ပွဲကြီးကြပ်နှင့် ဒိုင်လူကြီးများ၏ အစီရင်ခံစာများကို ဖတ်ရှုလေ့လာခြင်းနှင့် ရုပ်သံမှတ်တမ်းများအား ပြန်လည်ကြည့်ရှု၍ အိမ်ရှင် ရှမ်းယူနိုက်တက်အသင်းကို အောက်ပါအတိုင်း အရေးယူရန် ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

အဆိုပါ ပွဲတွင် အိမ်ရှင် ရှမ်းယူနိုက်တက်အသင်းက ဟံသာဝတီယူနိုက်တက်အသင်းကို (၃-၂) ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။



Follow us on