1. Home
  2. Movie Stars - Celebrity

ဟောလိဝုဒ်ကို ထိုးဖောက်ဝင်ရောက်ဖို့ အနုပညာနာမည် အသစ်ပြောင်းလိုက်ကြောင်း အသိပေးလိုက်တဲ့ မာဒုံဆော့

Movie Stars - Celebrity ก.ค. 22, 2562 view 1,693

တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော်အက်ရှင်စတားတစ်ယောက်ဖြစ်တဲ့ မာဒုံဆော့ဟာ ပြီးခဲ့တဲ့ ဧပြီလမှာ Marvel Universe ကရိုက်ကူးတင်ဆက်တဲ့ ရုပ်ရှင်စီးရီးမှာ အဓိကဇာတ်ဆောင်တစ်ယောက်အဖြစ်ပါဝင်ဖို့ ကမ်းလှမ်းခံခဲ့ရတာပဲဖြစ်ပါတယ်။ မာဒုံဆော့ဟာ Train To Busan ရုပ်ရှင်ကားကြီးမှတစ်ဆင့် ကိုးရီးယားအက်ရှင်မင်းသားတစ်လက်အဖြစ် လူသိများကျော်ကြားလာပါတယ်။ လက်ရှိ Marvel ကရိုက်ကူးတင်ဆက်သွားမယ့် ဇာတ်ကားကြီးမှာ မာဒုံဆော့ဟာ နာမည်ကျော် ဟောလိဝုဒ်စတားများနဲ့အတူ တွဲဖက်သရုပ်ဆောင်ရမှာပဲဖြစ်ပါတယ်။ မာဒုံဆော့နဲ့အတူ တွဲဖက်သရုပ်ဆောင်မယ့် ဟောလိဝုဒ်စတားတွေက ဘယ်သူတွေဖြစ်မလဲဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

Marvel မှအသစ်ထွက်ရှိမယ့် ရုပ်ရှင်စီးရီး Eternals မှာ နာမည်ကျော်ဟောလိဝုဒ်တော့ပ်စတားတွေဖြစ်တဲ့ Angelina Jolie, Richard Madden, Salma Hayek တို့ ပါဝင်သရုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဇူလိုင်လ ၂၁ ရက်နေ့မှာ Marvel မှ အတည်ပြုကြေညာလာပါတယ်။

မာဒုံဆော့ ဦးလေးကြီးဟာ ဟောလိဝုဒ်ကို ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ပြီဖြစ်ပြီး ဟောလိဝုဒ်မှာတော့ Don Lee အမည်နဲ့ ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ လတ်တလော ထွက်ရှိထားတဲ့ မာဒုံဆော့အဓိက ဇာတ်ဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့ The Gangster, The Cop, The Devil ဇာတ်ကားဟာဆိုရင် အက်ရှင်ကြိုက်နှစ်သက်သူ ပရိတ်သတ်တွေအတွက် လုံးဝ အကြိုက်တွေ့စေတဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ။

Marvel Universe ကရိုက်ကူးတင်ဆက်ပြသသွားမယ့် Eternals ရုပ်ရှင်ကားမှာ မာဒုံဆော့ ဦးလေးကြီးဟာ Gilgamesh အဖြစ်ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပြီး ဒီဇာတ်ကားကို လာမယ့် ၂၀၂၀ နိုဝင်ဘာမှာ ပြသမည်ဖြစ်ကြောင်း သိရှိရပါတယ်။

Ref:koreaboo

(ပိုပိုလေး)

 



Follow us on