
မြန်မာပရိတ်သတ်တွေ K လို့သိကြတဲ့ မင်းသား လီဂျွန်ကီဟာ လတ်တလော tvN ရုပ်သံလိုင်းက ထုတ်လွှင့်ပြသနေတဲ့ Hotel Del Luna ဇာတ်လမ်းတွဲမှာ ဧည့်သည်သရုပ်ဆောင်အဖြစ်ပါဝင်ထားတာပဲဖြစ်ပါတယ်။ လီဂျွန်ကီဟာ IU ကြောင့် ဒီဇာတ်ကားမှာ ပါဝင်ဖြစ်ကြောင်းကိုလဲ ထုတ်ဖော်ပြောကြားထားပါတယ်။ IU နဲ့ လီဂျွန်ကီဟာ Moon Lovers ဇာတ်လမ်းတွဲ မှာ အဓိကဇာတ်ဆောင်တွေအဖြစ် သရုပ်ဆောင်ရင်းက ခင်မင်ရင်းနှီးခဲ့ကြပါတယ်။ လီဂျွန်ကီတစ်ယောက် Hotel Del Luna မှာ ဖာသာအဖြစ် ဘယ်လိုသရုပ်ဆောင်သွားတယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<
.jpg)
Hotel Del Luna ဇာတ်လမ်းတွဲမှာ IU ဟာ နှစ်တစ်ထောင် အသက်ရှင်နေတဲ့ အမျိုးသမီး Jang Manwol အဖြစ်ပါဝင်သရုပ်ဆောင်ထားပြီး ဘဝကူးပြောင်းဖို့ ခက်ခဲနေတဲ့ ဝိဥာဉ်တွေကို အမြန်ဆုံး ကူးပြောင်းနိုင်အောင် ကူညီပေးသူတစ်ဦးအဖြစ်ပါဝင်သရုပ်ောဆာင်ထားပါတယ်။ လီဂျွန်ကီကတော့ သရဲနှင်ပေးတဲ့ ဖာသာအဖြစ်ပါဝင်သရုပ်ဆောင်ထားပြီး နောက်ဘဝကိုကူးပြောင်းပေးဖို့ ခက်ခဲနေတဲ့ ဝိဥာဉ်အဖြစ်ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ လီဂျွန်ကီတစ်ယောက် ဘယ်လို သရုပ်ဆောင်ထားတယ်ဆိုတာ သိရှိဖို့ ဗွီဒီယိုမှာ ဆက်လက်ကြည့်ရှုလိုက်ရအောင်>>
အခုလို လီဂျွန်ကီ ဧည့်သည်သရုပ်ဆောင်အဖြစ်ပါဝင်ပေးတာနဲ့ ပတ်သတ်ပြီး IU မှ ‘မင်းသား နံပါတ် (၄)’ ကို ကျေးဇူးတင်ပါတယ် ဆိုပြီး သူမရဲ့ အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။ မင်းသားနံပါတ်(၄) ဆိုတာကတော့ Moon Lovers မှာ လီဂျွန်ကီ ဟာ နံပါတ်(၄) မင်းသားအဖြစ်ပါဝင် သရုပ်ဆောင်ခဲ့တာကို ရည်ညွှန်းထားတာပဲဖြစ်ပါတယ်။


IU နဲ့ လီဂျွန်ကီတို့ဟာ Moon Lovers ဇာတ်လမ်းတွဲရိုက်ကူးပြီး ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေတွေဖြစ်ခဲ့ကြပါတယ်။ အသက်အားဖြင့် ၁၁ နှစ်တိတိကွာခြားပေမယ့် သူတို့နှစ်ဦးကြားက သူငယ်ချင်းဆက်ဆံရေးကလဲ ချစ်ဖို့ကောင်းနေတော့တာပါပဲ။


(ပိုပိုလေး)
comment