ဟိုအရင်အချိန် ဗီဒီယိုရုပ်ရှင်များခေတ်စားခဲ့စဉ်က ရုပ်ရှင်ကားတိုင်းလိုလိုမှာ ဇတ်ပို့သရုပ်ဆောင်အဖြစ် အမြဲမြင်တွေ့ခဲ့ရတဲ့ သရုပ်ဆောင်အောင်ဇော်ကတော့ ပြီးခဲ့တဲ့ ဇူလိုင်လ (၂၁) ရက်နေ့က ရုတ်တရက်ဆိုသလို လူ့လောကကြီးကိုစွန့်ခွာထွက်သွားခဲ့ပါတယ်။ နှလုံးရောဂါဖြင့် ရုတ်တရက်ကွယ်လွန်သွားတဲ့ သရုပ်ဆောင်အောင်ဇော်ရဲ့သတင်းကြောင့် မိသားစုဝင်များအားလုံး ယူကျုံးမရဖြစ်ရသလို အနုပညာညီအစ်ကိုမောင်နှမများနဲ့ ပရိသတ်များလည်း မယုံနိုင်ဖွယ်သတင်းတစ်ခုလို အံ့အားသင့်ကာ စိတ်မကောင်းဖြစ်ခဲ့ကြရပါတယ်။
>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<
အကောင်းပကတိကနေ နှလုံးရောဂါဖြင့် ရုတ်တရက်သေဆုံးသွားတဲ့ အောင်ဇော်ကြောင့် သားဖြစ်သူ သရုပ်ဆောင်စူးရှတစ်ယောက်လည်း ဖခင်ရဲ့အသက်မဲ့တဲ့ခန္ဓာကိုယ်ကိုကြည့်ရင်း ဖြေဆည်မရနိုင်ဖြစ်နေခဲ့ပြီး နှစ်ပေါင်းများစွာခင်မင်လာခဲ့ကြတဲ့ သူငယ်ချင်းဖြစ်သူသရုပ်ဆောင်ဝေဠုကျော်မှလည်း လွန်စွာဝမ်းနည်းစိတ်မကောင်းဖြစ်နေတာကို တွေ့ရပါတယ်။
သရုပ်ဆောင်အောင်ဇော်ဟာ သေဆုံးချိန်မှာ အသက် (၄၉) နှစ်သာရှိသေးပြီး ဇူလိုင်လ (၂၁) ရက်နေ့ ည ၈ နာရီအချိန်ခန့်က နှလုံးသွေးကြောပိတ်ပြီး ရုတ်တရက်ဆုံးပါးသွားတာဖြစ်ပါတယ်။ ကျန်ရှိနေတဲ့ ရုပ်အလောင်းကိုတော့ ယနေ့ဇူလိုင်လ (၂၃) ရက်နေ့မှာ မန္တလေးမြို့ရှိ အေးရိပ်ငြိမ် ကြာနီကန်သုသာန်မှာ မီးသဂြိုလ်ပြီး အရိုးပြာကိုဂူသွင်းခဲ့တယ်လို့သိရပါတယ်။
နာရေးအခမ်းအနားကိုတော့ သရုပ်ဆောင်အောင်ဇော်၏ မိသားစုဝင်များ ဆွေမျိုးများနှင့် ရုပ်ရှင်သရုပ်ဆောင်အချို့က လိုက်ပါပို့ဆောင်ပေးခဲ့ကြပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ ဇာတ်ပို့ဇာတ်ရံအလွှာ၊ မန္တလေးတိုင်း ဗွီဒီယိုအခြေခံအဖွဲ့ စသည့်အဖွဲ့အစည်းများမှ လွမ်းသူပန်းခွေများ ပေးပို့ခဲ့ကြပါတယ်။ ၀မ်းနည်းကြေကွဲစရာ သရုပ်ဆောင်အောင်ဇော်၏ နောက်ဆုံးခရီးမြင်ကွင်းပုံရိပ်များကို မျှဝေဖော်ပြပေးလိုက်ပါတယ်…..
Photos_Eleven Media Group
(ပိုပိုလေး)